(Credit: ABC Licensed) |
အယ်လ်နီနို ရာသီ ဥတု ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုတွေ ဖြစ်ပြီး အဆိုးဝါးဆုံးကတော့ မာလာဝီ နိုင်ငံမှာ ဖြစ်ပါတယ်။
အစာရှားပါးမှုကို ဒုတိယ အများဆုံး ကြုံနေရတာကတော့ Madagascar နိုင်ငံဖြစ်ပြီး အဲဒီနောက်မှာတော့ ဇင်ဘာဗွေ နိုင်ငံက နောက်လိုက်နေပါတယ်။
အရင်နှစ်တုန်းက ရာသီဥတု ဆိုးဝါးလို့ သီးနှံတွေ ရှားပါးနေသလို ဒီနှစ်နဲ့ လာမဲ့ နှစ်မှာလည်း မိုးခေါင်ရေရှားမယ့် အနေအထား ရှိနေတာကြောင့် စိုးရိမ်နေကြပါတယ်။
အယ်နီနို ရာသီဥတု ဖြစ်စဉ်ကြောင့် ပစိဖိတ် ဒေသက နိုင်ငံတွေမှာ အစာရှားပါးမှု ဖြစ်ခဲ့သလို သြစတြေးလျ နိုင်ငံ မြောက်ပိုင်းမှာလည်း မိုးခေါင်ရေရှားပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း အလားတူ ပြဿနာတွေ ကြုံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာလည်း အလားတူ ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က သတိပေးထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အာဖရိကမှာ လူ၁၄ သန်းလောက် အစာရှားမှုကြုံ
Reviewed by THITHTOOLWIN
on
18:06
Rating: