ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူ ၅ဝ ကျော် သီးနှံလျော်ကြေး ရရှိဖို့ တောင်းဆိုဆန္ဒပြစဉ်။ ဓါတ်ပုံ - ဒေသခံတစ်ဦး |
ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ ဇန်န၀ါရီလ ၁၆ ရက် နဲ့ ၁၈ ရက်နေ့တွေက ခွင့်ပြုချက်မရှိဘဲဆန္ဒပြတောင်းဆိုတာကြောင့် ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထားတာလို့ ဆားလင်းကြီးမြိုနယ် ညောင်ပင်းကြီး ရဲစခန်းမှူး ဒုရဲအုပ်ညိုမောင်က ပြောပါတယ်။
"၁၆ ရက်နေ့က တစ်ခုပေါ့၊ စီတန်းလှည့်လည်တဲ့ဟာမတင်ထားဘူး၊ မတင်ထားပဲ လုပ်လို့ စီတန်း ၁၈နဲ့ ဖွင့်တယ်၊ တုံရွာက မမာချိုပေါ့၊ ခွင့်ပြုချက် မတင်ပဲနဲ့ ဆန္ဒပြတဲ့ ဟာကို ကျနော်တို့ကအမှုဖွင့်တာပေါ့ဗျာ၊ သူတို့ဆီတော့ အကြောင်းကြားစာပို့တယ်"
ဝမ်ပေါင်ကြေးနီစီမံကိန်းကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ မြေနေရာတွေမှာ လျော်ကြေး မယူထားတဲ့ နေရာတွေလည်း ပါနေတာကြောင့် ဒေသခံတွေက ဆန္ဒပြတောင်းဆို ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂ဝ၁၄ ခုနှစ်တစ်နှစ်လုံးအတွက် သီးနှံလျော်ကြေးအဖြစ် ဒေသခံတွေကို ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် လျော်ကြေး မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာလို့ သိရပါတယ်။
လျော်ကြေးပေးခဲ့တုန်းက မြေတစ်ဧကို သီးနှံလျော်ကြေးအဖြစ် ကျပ် ၂ သိန်း ပေးခဲ့တာဖြစ်ပါတယ်။
ခြံစည်းရိုးခတ်လိုက်တဲ့ ကြေးနီစီမံကိန်းဧရိယာဝင်းအတွင်း လျော်ကြေး ရယူမှု မရှိသေးတဲ့ လယ်ယာမြေ ဧက ၃ဝဝဝ ခန့်ရှိတယ်လို့သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
လက်ပံတောင်းမှာ ဆန္ဒပြသူ ၃ ဦး တရားစွဲခံရ
Reviewed by THITHTOOLWIN
on
21:47
Rating: