ဖမ်းဆီးခံထားရသည့် ISIS စစ်သွေးကြွတစ်ဦးက အကြမ်းဖက်အဖွဲ့နှင့် တူရကီ၏ပူးပေါင်းမှု ကိစ္စရပ်များကို ထုတ်ဖော်ပြောကြား



အန်ကာရာ ၊ ၂၄-၁၂-၂ဝ၁၅

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် တူရကီနိုင်ငံ အကြားရှိ ပူးပေါင်းဆောင်ရွက်မှု များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ဖမ်းဆီးခံထားရသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ တစ်ဦးက ထုတ်ဖော် ပြောကြား ခဲ့ကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။

အသက် ၂၄ နှစ်အရွယ် မာမက်ဂါဇီတက်တာ အမည်ရှိ အဆိုပါ စစ်သွေးကြွကို ဆီးရီးယားနိုင်ငံ အတွင်း ကာ့ဒ်တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၄င်းသည် တူရကီနိုင်ငံ အဒီယာမန်းမြို့မှ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း ဆက်သွယ်နေသူ ဖြစ်သည်။

တူရကီနယ်စပ်မှ ၅ ကီလိုမီတာ အကွာရှိ လေ့ကျင့်ရေးစခန်း၌ ဘာသာရေး သင်တန်းများနှင့် စစ်ဘက် လေ့ကျင့်ခန်းများကို သင်ကြား ခဲ့ရကြောင်း၊ ယင်းကဲ့သို့ သင်ကြားလေ့ကျင့် နေစဉ်အတွင်း တူရကီနိုင်ငံမှ လူအချို့ လာရောက်ကြည့်ရှု ခဲ့ပြီး ၄င်းတို့မှာ ISIS အဖွဲ့ဝင်များ မဟုတ်ကြောင်း မာမက်က Sputnik Turkiye သတင်းဌာန၏ တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြား ထားသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် တူရကီနိုင်ငံသို့ ရေနံများ ရောင်းချခြင်းဖြင့် ဝင်ငွေများ ရရှိနေကြောင်း၊ တူရကီနိုင်ငံသည် အိုင်အက်စ်အဖွဲ့၏ ငွေကြေး အခက်အခဲများကို ကူညီဖြေရှင်း ပေးလျက်ရှိကြောင်း၊ ယင်းနိုင်ငံသို့ တစ်နေ့လျှင် ရေနံစည်ပိုင်း အများအပြားကို ပေးပို့လျက် ရှိကြောင်းနှင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ အဓိကဝင်ငွေမှာ ရေနံရောင်းချခြင်းပင် ဖြစ်ကြောင်း မာမက် က ပြောကြားသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ရေနံ ရောင်းဝယ်မှုကို တူရကီနိုင်ငံနှင့် သာမက အခြား အာရပ်နိုင်ငံများ နှင့်ပါ လုပ်ဆောင်လျက် ရှိကြောင်း၊ ယင်း ပြောကြားချက် များကို ISIS အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် အဘူတယ်လ်ဟာ က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မာမက် က ထပ်လောင်း ပြောကြားသည်။

တူရကီနိုင်ငံသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ် အား ဖြုတ်ချရန် အတွက် ISIS အဖွဲ့ကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့မှု များတွင် စားသောက်ကုန်များ၊ ငွေကြေး၊ လက်နက်များ၊ သယ်ယူ  ပို့ဆောင်ရေး ယာဉ်များနှင့် ဒဏ်ရာရရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို ကုသမှုပေး နိုင်ရန်အတွက် ကျန်းမာရေး ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ စီမံကိန်း ညွှန်ကြားရေးမှူး ဒေးဗစ်ဖီးလစ် က ပြောကြားသည်။


(Pyi Chit Thar)

www.pyichitthar.com
ဖမ်းဆီးခံထားရသည့် ISIS စစ်သွေးကြွတစ်ဦးက အကြမ်းဖက်အဖွဲ့နှင့် တူရကီ၏ပူးပေါင်းမှု ကိစ္စရပ်များကို ထုတ်ဖော်ပြောကြား ဖမ်းဆီးခံထားရသည့် ISIS စစ်သွေးကြွတစ်ဦးက အကြမ်းဖက်အဖွဲ့နှင့် တူရကီ၏ပူးပေါင်းမှု ကိစ္စရပ်များကို ထုတ်ဖော်ပြောကြား Reviewed by Staff Writer on 14:29 Rating: 5
Powered by Blogger.