အမေရိကန် စစ်သားများ (Credit: ABC) |
အီရတ်နိုင်ငံသာမက ဆီးရီးယား နိုင်ငံအတွင်းမှာလဲ ဆီးရီးယားနဲ့ ပူးပေါင်းခြင်း မရှိတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးရာ ဝန်ကြီး Ash Carter က က ပြောသွားခဲ့ပါတယ်။
မကြာသေးခင်တုန်းက အမေရိကန်ကနေ ထောက်ခံထားတဲ့ ဆီးရီးယား သူပုန်တွေကို ကူညီဖို့ အထူး စစ်သား အယောက် ၅၀ ကို စေလွတ်မယ့်အကြောင်း ကြေညာခဲ့ဖူးပါတယ်။
အခုလောလောဆယ် အမေရိကန် စစ်သား ၃၅၀၀ က အီရတ် စစ်မြေပြင်မှာ ရောက်ရှိနေပြီး တခြားနိုင်ငံကပါ ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေးဗီးယားလို နိုင်ငံကို ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
ပြင်သစ်နဲ့ သြစတြေးလျကတော့ ဝေဟင်တိုက်ခိုက်မှုမှာသာ ပါဝင်မှာ ဖြစ်ပြီး စစ်မြေပြင်ကိုတော့ စစ်သားတွေ ပို့ဆောင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
အခု ထပ်မံ စေလွတ်မယ့် အထူးတပ်ဖွဲ့မှာ ဘယ်နှစ်ယောက် ပါဝင်သလဲ ဆိုတာ အမေရိကန် အစိုးရက မပြောထားပေမယ့် အယောက် ၅၀ ထက် ပိုမယ်လို့သာ ပြောဆိုထားပါတယ်။
အဲဒီ တပ်ဖွဲ့က ဖမ်းဆီးခံရသူတွေကို ကယ်ဆယ်ရေးတွေ၊ ထောက်လှမ်းရေးလုပ်ငန်းတွေအပြင် IS ခေါင်းဆောင်တွေကို ဖမ်းဆီးရေးတွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
By North America correspondent Michael Vincent, wires
http://www.radioaustralia.net.au/burmese
IS ခေါင်းဆောင်ကို ဖမ်းဖို့ ကန်အထူး တပ်ဖွဲ့ ပို့မယ်
Reviewed by THITHTOOLWIN
on
11:51
Rating: