အမေရိကန် သမ္မတ ဘာရက်အိုဘားမားရဲ့ မိန့်ခွန်းမှာ IS အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းဖို့ ပြောဆိုလိုက်သလို အဲဒီ အဖွဲ့ဝင်တွေဟာ လူဆိုးဓားပြနဲ့ လူသတ်သမားတွေသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကာလီဖိုးနီးယား ပြည်နယ်မှာ အကြမ်းဖက်မှု ဖြစ်ပေါ်ပြီး လူ ၁၄ ဦး သေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ပေါ်ပြီး တစ်ပါတ်အကြာမှာ သမ္မတက မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတအနေနဲ့ ရုပ်မြင်သံကြားကနေ ပြည်သူတွေကို တိုက်ရိုက် မိန့်ခွန်းပြောတာမျိုး လုပ်လေ့မရှိပေမယ့် အခုတခါ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သေနတ် ပစ်ခတ်မှု လုပ်ခဲ့တဲ့ လင်မယားဟာ IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိ ဆိုတာကို အမေရိကန် အစိုးရက စုံစမ်းနေပါတယ်။
သေနတ် သမားတွေက အမေရိကန်ဖွား Syed Rizwan Farook နဲ့ သူ့ရဲ့ ပါကစ္စတန်ဖွား ဇနီးသည် Tashfeen Malik တို့ ဖြစ်ပြီး ၅ နှစ်အရွယ် ကလေးကျန်ရစ်ခဲ့ပါတယ်။
သမ္မတရုံးခန်းကနေ ပြုလုပ်တဲ့ တတိယအကြိမ်မြောက် မိန့်ခွန်းပြောခန်းမှာ သမ္မတ အိုဘားမားက အကြမ်းဖက် ခြိမ်းခြောက်မှု ခံရပေမယ့် ဒီပြဿနာကို ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
IS အဖွဲ့ကို ဖျက်ဆီးမှာ ဖြစ်သလို အမေရိကန်ကို အနာတရ ဖြစ်အောင် လုပ်မယ့် အဖွဲ့အစည်းတိုင်းကို ဖျက်ဆီးပစ်မယ်လို့လည်း ပြောလိုက်ပါတယ်။
ရှည်ကြာပြီး ကုန်ကျစရိတ် များတဲ့ အီရတ်နဲ့ ဆီးရီးယား စစ်မှာ ပါဝင်မှု ရပ်တန့်မှု မလုပ်သင့်တဲ့အကြောင်း အမေရိကန်ရဲ့ ပါဝင်မှုကို ရပ်တန့်စေချင်လို့ IS လို အကြမ်းဖက် သမားတွေက လုပ်ဆောင်တာ ဖြစ်ပေမယ့် အဲဒီ အဖွဲ့တွေ ကြီးပွားမလာအောင် လုပ်ဆောင်ဖို့အတွက် စစ်မြေပြင်မှာ ဆက်နေသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဝေဟင်တိုက်ခိုက်မှုတွေ၊ အထူးတပ်ဖွဲ့စေလွတ်မှုတွေနဲ့ ဒေသတွင်းက အင်အားတွေနဲ့ ပူးပေါင်းပြီး အောင်ပွဲခံမယ်လို့လည်း ပြောလိုက်ပါတယ်။
IS အဖွဲ့ကို တိုးချဲ့တိုက်ခိုက်မှု လုပ်ဖို့ စစ်သားတွေ စေလွတ်ဖို့ အဆိုကို ကန့်ကွက်သူတွေ ရှိတဲ့အတွက် အမေရိကန် အစိုးရက အကန့်အသတ်နဲ့သာ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။
အချုပ်အခြာ အာဏာရှိတဲ့ အမေရိကန် သမ္မတအနေနဲ့ အများသဘောတူညီမှုကို ယူစရာမလိုပဲ စစ်သားကို ပို့ဆောင်ခွင့် ရှိပေမယ့် အမေရိကန် နိုင်ငံရေး သမားတွေ စည်းစည်းလုံးလုံးနဲ့ ဆုံးဖြတ်ချက် ချတာမျိုး လိုလားတဲ့အတွက် အကန့်အသတ်နဲ့ IS ကို တိုက်ခိုက်ချေမှုန်းနေတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ သေနတ်ကန့်သတ်မှုတွေ ထားရှိသင့်ပြီလို့လည်း သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
( Radio Australia )
http://www.radioaustralia.net.au/
IS အဖွဲ့ကို ဖျက်ဆီးမယ်လို့ အိုဘားမားဆို
Reviewed by Staff Writer
on
14:27
Rating: