ရုရှား သမ္မတ ဘလာဒီမီယာ ပူတင် (Credit: AFP) |
တူရကီကတော့ သူတို့ နယ်မြေထဲ ရုရှား လေယာဉ် ဝင်လာလို့ ပစ်ချတာလို့ ပြောဆိုပြီး ဒီလုပ်ရပ်အပေါ် တောင်းပန်ဖို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ရုရှား သမ္မတရဲ့ အဆိုအရ ဆီးရီးယားနိုင်ငံက IS အဖွဲ့ဟာ ရေနံတွေကို တူရကီနိုင်ငံထဲ တင်သွင်း ရောင်းချနေတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ဆိုပါတယ်။
ရုရှားကို မတောင်းပန်နိုင်ဘူးလို့ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောဆိုပြီးတဲ့နောက် ရုရှား သမ္မတက အခုလို စွပ်စွဲလိုက်တာပါ။
တူရကီ ဝန်ကြီးချုပ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားက ဆွေးနွေးမယ်ဆိုရင် အသင့်ရှိကြောင်း၊ အကြောင်းစုံ ပိုသိချင်တယ်ဆိုရင်လည်း ရှင်းပြဖို့ အသင့်ရှိနေပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်ဖြစ်ချင်ရင်လည်း တူရကီဘက်က အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။
တူရကီ သမ္မတ Recep Tayyip Erdogan က ပဲရစ်မြို့မှာ ကျင်းပတဲ့ ရာသီဥတု ညီလာခံမှာ ရုရှား သမ္မတနဲ့ တွေ့လိုကြောင်း ကမ်းလှမ်းခဲ့ပေမယ့် ရုရှား သမ္မတက ဖိတ်ခေါ်ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။
တူရကီနိုင်ငံက သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက် တင်ပို့မှုကိုလည်း လက်မခံဖို့ ရုရှားက ဆုံးဖြတ်လိုက်သလို တူရကီနိုင်ငံက လေယာဉ်ကို စီးလုံးငှားတာတွေနဲ့ လျှော့ဈေးနဲ့ ရောင်းချနေတဲ့ တူရကီ ခရီးစဉ်မျိုးတွေ မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။
ဒါ့အပြင် အရင်တုန်းက ဗီဇာမလိုပဲ သွားလာခွင့် ပေးထားပေမယ့် အဲဒီ အစီအစဉ်ကိုလည်း ရုရှားဘက်က ရပ်တန့်လိုက်ပါတယ်။
ဒါဟာ ပထမအဆင့်ပဲ ရှိသေးပြီး တူရကီအပေါ် ကန့်သတ်မှုတွေ ဒီထက် လုပ်နိုင်တယ်လို့ ရုရှား ဝန်ကြီးချုပ် Dmitry Medvedev က ပြောပါတယ်။
တူရကီအနေနဲ့ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုကို စိတ်ခံစားချက်အရ တုန့်ပြန်မှာ မဟုတ်ပဲ စိတ်ရှည်စွာ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
တူရကီနိုင်ငံမှာ စွမ်းအင်တွေ လုံလောက်ဖို့အတွက် ရုရှားနိုင်ငံအပေါ် အများဆုံး မှီခိုနေရတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ISဆီက ရေနံလိုချင်လို့ တူရကီက ရုရှားလေယာဉ် ပစ်ချလို့ဆို
Reviewed by THITHTOOLWIN
on
10:30
Rating: