မြစ်ရေလျှံတက်မှုကြောင့် လေးနိုင်ငံနယ်ခြား ဧရိယာတွင် နေထိုင်သော ဒေသခံတစ်သိန်းကျော် နေရပ်ကို စွန့်ခွာခဲ့ရ




တောင်အမေရိကရှိ ပါရာဂွေး၊ ဥရုဂွေး၊ ဘရာဇီး နှင့် အာဂျင်တီးနား လေးနိုင်ငံစပ် နယ်ခြား ဧရိယာတွင် နေထိုင်လျက် ရှိသော ဒေသခံပေါင်း တစ်သိန်းကျော်ခန့် သည် နယ်ခြားမြစ်ရေ လျှံတက်မှုကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဂါဒီယမ် သတင်းစာက ယမန်နေ့ နံနက်ပိုင်းက ရေးသားဖော်ပြ ခဲ့သည်။

ပါရာဂွေးတွင် မြစ်ရေလျှံတက်မှု များကာ သစ်ပင်ကြီးများ လဲကျမှုကြောင့် လူပေါင်းများစွာ သေခဲ့ရကြောင်း ပါရာဂွေး ပြည်တွင်း သတင်းဌာန များက ဖော်ပြခဲ့သည်။ ပါရာဂွေး အစိုးရက မြစ်ရေလျှံမှု များကြောင့် နိုင်ငံတွင်းမှ ဒေသခုနစ်ခုကို အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။

''နိုင်ငံတွင်းမှာ မြစ်ရေပူနွေး ရာမှ လှိုင်းများ ထလာမှုနှင့် မိုးများ ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။ ၁၅ နှစ်အတွင်း အဆိုးရွားဆုံး ရေဘေးဒဏ် ပါပဲ'' ဟု ပါရာဂွေး အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

''ပင်လယ်ပြင် ပူနွေးမှုကြောင့် တချို့နေရာ တွေမှာ မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံနေရပြီးတော့ တချို့နေရာ တွေမှာ ရေဘေးဒဏ်ကို ခံစားနေကြ ရပါတယ်။ ဒါဟာ ပင်လယ်ပြင် ပူနွေးမှုနှုန်း အလွန် မြင့်တက်လာလို့ပါ '' ဟု ကမ္ဘာ့ ကမ္ဘာ့ ကုလသမဂ္ဂ မိုးလေဝသ ဦးစီးဌာနမှ အကြီးအကဲ ဖြစ်သူ မိုက်ကယ်ဂျာရောက် က သတိပေး ထုတ်ပြန် သွားခဲ့ကြောင်း သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
မြစ်ရေလျှံတက်မှုကြောင့် လေးနိုင်ငံနယ်ခြား ဧရိယာတွင် နေထိုင်သော ဒေသခံတစ်သိန်းကျော် နေရပ်ကို စွန့်ခွာခဲ့ရ မြစ်ရေလျှံတက်မှုကြောင့် လေးနိုင်ငံနယ်ခြား ဧရိယာတွင် နေထိုင်သော ဒေသခံတစ်သိန်းကျော် နေရပ်ကို စွန့်ခွာခဲ့ရ Reviewed by Staff Writer on 15:47 Rating: 5
Powered by Blogger.