အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းမှာ ကျွန်အဖြစ်ရောင်းစားခံထားရတဲ့
မြန်မာရေလုပ်သားတစ်ရာကျော်ဟာ မေလ ၁၅ ရက်နေ့ညက MAI လေကြောင်းလိုင်းနဲ့
မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိစဉ် Photo: Kyaw Zaw Win/RFA |
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ မိုင် ၁၈ဝဝ လောက်ဝေးတဲ့ Maluku ပြည်နယ်က တရားရုံးမှာ မြန်မာ အလုပ်သမား ကိုညိုနိုင်နဲ့ ကိုဇော်မြတ်တို့က သူတို့ကိုကျွန်းတစ်ကျွန်းက ငါးဖမ်းလုပ်ငန်းမှာ အခကြေးငွေမပေးပဲ တစ်ရက်ကို ၂၄ နာရီပတ်လုံးခိုင်းစေပုံတွေ၊ ရိုက်နှက်ခံရပုံတွေနဲ့ အကျဉ်းထောင်လို အခန်းထဲသော့ခတ် ထားပုံတွေကိုထွက်ဆိုသွားခဲ့ပါတယ်။
အာရှနိုင်ငံတွေက အလုပ်သမား ရာပေါင်းများစွာကို အင်ဒိုနီးရှားကျွန်းတွေမှာ ကျွန်သဖွယ်ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦးကို လူကုန်ကူးမှုနဲ့ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
အဲ့ဒီသူတွေဟာ ပစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၄၆ဝဝဝ အထိအပစ်ပေးခံရနိုင် ပါတယ်။ မနေ့ကထွက်ဆိုတဲ့ မြန်မာ ၂ ဦးအပါအဝင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုမယ့်အလုပ်သမား ၁ဝ ဦးကျော်ရှိတယ်လို့ သိရပါတယ်။
အခုလို အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံက ဘင်ဂျီနာဆိုတဲ့ကျွန်းကလေးမှာ ကျေးကျွန်တွေလို ခိုင်းစေနေကြောင်း ပြီးခဲ့တဲ့မတ်လမှာ အေပီ သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဖမ်းဆီးအရေး ယူမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကျွန်အဖြစ်ခိုင်းစေမှု အင်ဒိုနီးရှားရောက် မြန်မာ ၂ ဦးထွက်ဆို
Reviewed by Unknown
on
09:55
Rating: