ကော့သောင်း ရနောင်းပြေးဆွဲ စက်လှေများ ရပ်နားထား




ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့  မြန်မာဘက်ကမ်း ကော့သောင်းကနေ ထ်ုင်းဘက်ကမ်း ရနောင်းကို ပြေးဆွဲနေတဲ့ ပဲ့ထောင် စက်လှေတွေကို ဒီကနေ့ မှာ ရပ်နားထားတယ်လို့  ဒေသခံအချို့ က The Ladies news ကို အတည်ပြု ပြောဆိုပါတယ်။

မြို့ရဲ့စီးပွားရေး အခြေနေအရ ပဲ့ထောင်စက်လှေလုပ်ငန်းက အရေးပါပေမဲ့ တရားရုံးဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို နစ်နာစေတယ်လို့  ယူဆတာကြောင့် မြန်မာဘက်က စက်လှေပိုင်ရှင်တွေက ရပ်နားလိုက်တာလို့  ရနောင်းမှာ နေထိုင်တဲ့ ကိုဝင်းဇော်ဟန်က ပြောပါတယ်။

( The Ladies news )

https://www.facebook.com/News.TheLadies/
ကော့သောင်း ရနောင်းပြေးဆွဲ စက်လှေများ ရပ်နားထား ကော့သောင်း ရနောင်းပြေးဆွဲ စက်လှေများ ရပ်နားထား Reviewed by Staff Writer on 15:44 Rating: 5
Powered by Blogger.