ထိုင်းသံရုံးရှေ့သို့ ၀င်ခွင့်ပြုလိုက်ပြီ


ထိုင်းသံရုံးရှေ့ မနော်ဟရီလမ်းအား ဝဲဘက်ယာက်ဘက် လုံခြုံရေးသံဆူးကြိုးများ ပိတ်ထားသည့်အတွက် ဆန္ဒပြသူများက လမ်းအတွင်း သံရုံးရှေ့သို့ ဝင်ခွင့်တောင်းဆိုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သံဃာတော်များအား သံရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင် ပြုနေပြီး ဆန္ဒထုတ်ဖော်သူများကိုလည်း ၅ ဦးစီ တန်းစီဝင်ရောက်ခွင့်ပြု ၁ နာရီကြာ ခွင့်ပြုမည်ဟု သိရသည်။

ဆရာတော်ဦးရက္ခဝံသနှင့် သံဃာတော်၊ လူပုဂ္ဂိုလ် ၁၀ဦး ခန့်တို့ကလည်း ထိုင်းသံရုံးထဲသို့ ဝင်ရောက်ကာ ထိုင်းသံအမတ်နှင့်တွေ့ဆုံ၍ အိပ်ဖွင့်ပေးစာတစောင် ပေးပို့မည့်အကြောင်း တွေ့ဆုံဆွေးနွေးရာ သံအမတ်မှတဆင့် ပေးပို့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများက ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်းလည်း သိရသည်။


(News Watch)

https://www.facebook.com/NewsWatchJournal

ထိုင်းသံရုံးရှေ့သို့ ၀င်ခွင့်ပြုလိုက်ပြီ ထိုင်းသံရုံးရှေ့သို့ ၀င်ခွင့်ပြုလိုက်ပြီ Reviewed by Staff Writer on 14:15 Rating: 5
Powered by Blogger.