ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတက်သူ ၁၅ ဦးကို ထိုင်းသံရုံးရှေ့မှောက် ဆန္ဒပြခွင့်ပြုရန် ညှိနှိုင်းလျက်ရှိ


လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ဒဂုံမြို့နယ် မနော်ဟရီလမ်းရှိ ထိုင်းသံရုံးရှေ့ ၌ ဆန္ဒပြရန်သွားရောက်ကြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မနော်ဟရီလမ်းထိပ်မှစ၍ ၀င်ခွင့်ကို ပိတ်ထားသည်။

ဆန္ဒပြသူ (ခန့်မှန်း) လူ ၃၀၀-၅၀၀ ခန့် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင်သာ ဆန္ဒထုတ်ဖော်ခွင့်ရကြပြီး ၎င်းတို့မှ ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆိုကြနေကြောင်းလည်း သိရသည်။

နောက်ဆုံးကြားသိရသည်မှာ ဆန္ဒပြသူများအနက်မှ ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတက်သူ ၁၅ ဦးကိုသာ ထိုင်းသံရုံးရှေ့မှောက်၌ ဆန္ဒပြခွင့်ပြုရန် တာဝန်ကျရဲမှူးနှင့် ညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။


(News Watch)

https://www.facebook.com/NewsWatchJournal
ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတက်သူ ၁၅ ဦးကို ထိုင်းသံရုံးရှေ့မှောက် ဆန္ဒပြခွင့်ပြုရန် ညှိနှိုင်းလျက်ရှိ ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတက်သူ ၁၅ ဦးကို ထိုင်းသံရုံးရှေ့မှောက် ဆန္ဒပြခွင့်ပြုရန် ညှိနှိုင်းလျက်ရှိ Reviewed by Staff Writer on 13:14 Rating: 5
Powered by Blogger.