တရားမဝင်သစ်များ ဖမ်းဆီးရမိ




၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝန်းသိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တရားမဝင်သစ်များသယ်ဆောင်လာကြောင်း သတင်းအရ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်၊ မြမာလာလမ်းမပေါ်၌ သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ဝန်းသိုမြို့၊ မြို့သစ်(၁)ရပ်ကွက်နေ ဦးသံချောင်း(၅၂)နှစ်မောင်းနှင်လာသည့် နံပါတ်မပါ အပြာရောင် တုံဖုန်းယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။

 ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ(၁၂၄)ချောင်း(၂.၈၁၇၄ တန်)၊ တန်ဖိုးငွေကျပ်(၈၄၅,၂၂ဝိ/-)အား တွေ့ရှိရသဖြင့် မေးမြန်းရာ သစ်ပိုင်ရှင်မှာ ဝန်းသိုမြို့နေ စိန်ကျော်မိုး(၃၇)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဦးသံချောင်းနှင့် စိန်ကျော်မိုးတို့ ၂ ဦးအား ဝန်းသိုမြို့မရဲစခန်း(ပ)၉၇/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

( ရဲဇာနည် )

https://www.facebook.com/yezarnimedia
တရားမဝင်သစ်များ ဖမ်းဆီးရမိ တရားမဝင်သစ်များ ဖမ်းဆီးရမိ Reviewed by Staff Writer on 15:40 Rating: 5
Powered by Blogger.