အငြင်းပွားဖွယ် ရေပြင်နား တရုတ်စစ်သင်္ဘော ခုတ်မောင်း

ဂျပန်နဲ့ တရုတ် အငြင်းပွားဖွယ် ရေပြင်

အာရှ စီးပွားရေး အင်အားကြီး ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကာလရှည် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက လူမနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက်တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က ရေယာဉ် တစင်းကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်က ပြောဆိုပါတယ်။

ဂျပန်ဘက်က Senkaku လို့ ခေါ်ပြီး တရုတ်ဘက်က Diaoyu လို့ ခေါ်တဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ သဘောင်္တစင်း ခုတ်မောင်းနေတဲ့ ဓာတ်ပုံကို ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက် တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က သဘောင်္တစင်း ခုတ်မောင်းနေတာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ဒီဒေသတ၀ိုက်မှာ တခြား တရုတ် သဘောင်္ သုံးစင်းတို့လည်း ခုတ်မောင်းနေတာကို တွေ့ခဲ့ပါတယ်။ ဂျပန်တို့က သူတို့ ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဒေသကို ချိုးဖောက်ဝင်ရောက်တဲ့ အထိတော့တရုတ် သဘောင်္တွေနီးနီးကပ်ကပ် ခုတ်မောင်းခဲ့တာ မရှိပါဘူး။

VOA Burmese
http://burmese.voanews.com
အငြင်းပွားဖွယ် ရေပြင်နား တရုတ်စစ်သင်္ဘော ခုတ်မောင်း အငြင်းပွားဖွယ် ရေပြင်နား တရုတ်စစ်သင်္ဘော ခုတ်မောင်း Reviewed by Unknown on 08:37 Rating: 5
Powered by Blogger.