ဥရောပတိုက်ထဲကို ဝင်လာဖို့ ကြိုးစားနေသူများ (Credit: Reuters) |
Czech ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဆီးရီးယား သမ္မတက ဥရောပတိုက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူတွေထဲမှာ ဒုက္ခသည် စစ်မှန်သူတွေ ရှိသလို အကြမ်းဖက် သမားတွေလည်း ပါဝင်တယ်လို့ ပြောသွားခဲ့တာပါ။
အများစုကတော့ မျိုးချစ်တဲ့ ဆီးရီးယားနိုင်ငံသားတွေ၊ နိုင်ငံသားကောင်းတွေ ဖြစ်ပေမယ့် အဲဒီအထဲမှာ အကြမ်းဖက် သမားတွေ သိုးယောင်ဆောင်ပြီး ဝင်ရောက်နေတာမျိုး ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
ချက်ရုပ်မြင်သံကြားဌာနက အဲဒီ အင်တာဗျူး အပြည့်အစုံကို အင်္ဂါနေ့မှာ ထုတ်လွှင့်မယ်လို့လည်း ကြေညာထားပါတယ်။
ဆီးရီးယားမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် သိန်းနဲ့ချီတဲ့ ဆီးရီးယားနိုင်ငံသားတွေ ဒီနှစ်အတွင်း ဥရောပ တိုက်ထဲကို ဝင်လာနေတာ ဖြစ်ပြီး အများအားဖြင့် ဘာလက်မှတ်မှ မရှိပဲ ရောက်လာကြတာ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေကြောင့် ဒုက္ခသည်ကြားမှာ အကြမ်းဖက် သမားတွေ ပါဝင်နိုင်တယ်လို့ နိုင်ငံအများက ကြိုးစားချိန်မှာပဲ ဆီးရီးယား သမ္မတက အခုလို ထပ်မံ ပြောဆိုလိုက်တာပါ။
ပဲရစ်မြို့မှာ အကြမ်းဖက်မှု ဖြစ်ပေါ်ပြီးတဲ့နောက် ဆီးရီးယားနိုင်ငံက ဝင်လာတဲ့ ဒုက္ခသည်တွေအပေါ် ပိုပြီး စိစစ်မှုတွေ လုပ်ဖို့ ဥရောပသမဂ္ဂကို တောင်းဆိုနေကြပါတယ်။
ပဲရစ်မြို့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ လူ နှစ်ယောက်ဟာ အောက်တိုဘာလတုန်းက ဂရိနိုင်ငံကနေတဆင့် ပြင်သစ်နိုင်ငံကို ရောက်လာတဲ့ လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တူရကီကတော့ ဒုက္ခသည်တွေ ဥရောပ တိုက်ထဲ ထပ်မံ မဝင်လာအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပေးလိုက်ပြီး အဲဒီအတွက် ယူရို ၃ ဘီလီယံ အကူအညီရရှိထားပါတယ်။
ကနေဒါကလည်း ဆီးရီးယား ဒုက္ခသည်ကို ခေါ်ယူမယ့် အစီအစဉ်ကို ရက်တိုးလိုက်ပြီး အကြောင်းရင်းကတော့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက် သမားတွေ မပါလာအောင် စိစစ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံမှာတော့ ဆီးရီးယား ဒုက္ခသည် တချို့ ရောက်ရှိနေပြီး အစိုးရကတော့ အကြမ်းဖက် သမားတွေ မပါအောင် သေခြာ စိစစ်မှု လုပ်တယ်လို့ ပြောဆိုထားပါတယ်။
သြစတြေးလျက ဆီးရီးယား ဒုက္ခသည် တစ်သောင်း နှစ်ထောင်ကို လက်ခံမှာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားပါလို့ ဆီးရီးယား သမ္မတဆို
Reviewed by THITHTOOLWIN
on
10:31
Rating: