နှင်းမကျတဲ့ ခရစ္စမတ်

နွေဦးလို ခရစ်စမတ်မှာ ပူနွေးနေတဲ့အတွက် ဝါရှင်တန်ဒီစီမှာ ချယ်ရီတွေတောင် ပွင့်နေ။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ပိုင်းမှာ ဒီနှစ် ဒီဇင်ဘာ ရာသီဥတုဟာ ပုံမှန်မဟုတ်ဘဲ ပူနွေးနေခဲ့ရာမှာ ခရစ္စမတ်နေ့လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။နှစ်စဉ် ဒီလိုအချိန်မျိုးမှာ မကြာခဏ နှင်းကျလေ့ရှိခဲ့တဲ့ အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းက ၀ါရှင်တန်၊ နယူးယောက်နဲ့ ဘော့စတွန် လို မြို့ကြီး တွေမှာလည်း ၆၀ ဒီဂရီ ဖာရင်ဟိုက်ကနေ ၇၀ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ စံချိန်တင်လောက်အောင် အပူချိန် မြင့်တက်ခဲ့တာပါ။

လူတော်တော်များများဟာလည်း ခရစ္စမတ်နေ့ အပြင်ထွက်လည်ကြတဲ့အခါ အနွေးထည်တွေ မ၀တ်ကြပါဘူး။ ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ တချို့ ချယ်ရီပင်တွေဟာလည်း အပွင့်တွေတောင် ပွင့်နေကြလို့ နွေဦးရာသီလို မြင်တွေ့ ခံစားနေရပါတယ်။

ခရစ္စမတ်အကြိုနေ့မှာ ဆိုရင်လည်း mid-Atlantic နဲ့ နယူးအင်္ဂလန် ပြည်နယ်တွေက တချို့နေရာတွေမှာ - အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်လို ရာသီဥတုက နွေးထွေးနေခဲ့ကြောင်း ပုဂ္ဂလိက မိုးလေ၀သဌာနတခုဖြစ်တဲ့ AccuWeather က ပြောပါတယ်။ စံချိန်တင်လောက်အောင် အပူချိန်မြင့်တက်ခဲ့တဲ့ မြို့တွေထဲမှာ ၀ါရှင်တန်ဒီစီ မြို့တော်လည်း ပါဝင်ခဲ့တာပါ။ နယူးယောက်မြို့မှာလည်း အပူဆုံး ခရစ္စမတ်နေ့အဖြစ် တရားဝင် မှတ်တမ်းတင်သွားပါတယ်။

VOA Burmese
http://burmese.voanews.com
နှင်းမကျတဲ့ ခရစ္စမတ်  နှင်းမကျတဲ့ ခရစ္စမတ် Reviewed by Unknown on 10:50 Rating: 5
Powered by Blogger.