အမေရိကန်အလှမယ်တစ်ဦး မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်ကြောင့် အလှမယ်ဘွဲ့ ရပ်ဆိုင်းခံရ



အမေရိကန်ရဲ့အလှမယ် တစ်ဦးဖြစ်တဲ့ Destiny Velez ဟာ မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကြောင့် သူမရရှိထားတဲ့ Miss Puerto Rico ၂၀၁၅ အလှမယ်ဆုကို အကန့်အသတ်မရှိ ရပ်ဆိုင်းခံလိုက်ရပါတယ်။

သူမပိုင် လူမှုကွန်ယက်မီဒီယာ Twitter ကနေတဆင့် မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကို ရေးသားဖော်ပြပြီးတဲ့ နောက်ပိုင်းမှာ Miss America Organization အဖွဲ့ကနေ သူမရဲ့ အလှမယ်ဆုကို အကန့်အသတ်မရှိ တနင်္ဂနွေနေ့က ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူ Michael Moore ရဲ့ နယူးယောက် Trump Tower ရှေ့မှာ ငါတို့အားလုံးဟာ မွတ်ဆလင် ဖြစ်တယ်ဆိုတဲ့ “ We all are Muslim” ဆိုင်းဘုတ်ကို ကိုင်ပြီး ဆန္ဒပြမှုက သူမကို ဒေါသပိုစေခဲ့ပြီး ချက်ချင်းဘဲ သူမရဲ့ Twitter ကနေ တဆင့် မွတ်ဆလင် ဆန့်ကျင်ရေး စကားလုံးတွေနဲ့ တုန့်ပြန်ရေးခဲ့တယ်လို့ ဆိုပါတယ်။

သူမရဲ့ ရေးသားချက်တွေထဲမှာ မွတ်ဆလင်တွေဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံကို အကြမ်းဖက်ရေးနဲ့ ဂတ်စ်တွေနေရာ အတွက် အသုံးပြုနေသလို မွတ်ဆလင်တွေ ဘာတွေ လုပ်ခဲ့သလဲဆိုရင် လောင်စာဆီ၊ ဒီတိုင်းပြည်အတွက် အကြမ်းဖက်မှုနဲ့ တစ်ခြား အရာများစွာကို ထောက်ပံ့ပေးခဲ့တယ်လို့ ရေးသားပါတယ်။

ဒါ့ပြင် မွတ်ဆလင်တွေကို ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မနိုင်းယှဉ်ပါနဲ့။ ဂျူးနဲ့ ခရစ်ယာန်တွေမှာ အကြမ်းဖက်မှု ပြုလုပ်ဖို့ သူတို့ရဲ့ ကျမ်းစာတွေမှာ ရေးသားထားတာ ဘာမှ မရှိဘူးလို့လဲ ရေးသားဖော်ပြထားပါတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အလှမယ် Miss Puerto Rico ဝေဖန်မှုတွေ ထွက်လာတဲ့ အတွက် သူမရဲ့ Twitter ပိတ်လိုက်တယ်လို့ သိရပါတယ်။

(Arakan State)

https://www.facebook.com/NarinjaraNews
အမေရိကန်အလှမယ်တစ်ဦး မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်ကြောင့် အလှမယ်ဘွဲ့ ရပ်ဆိုင်းခံရ အမေရိကန်အလှမယ်တစ်ဦး မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်ကြောင့် အလှမယ်ဘွဲ့ ရပ်ဆိုင်းခံရ Reviewed by Staff Writer on 17:18 Rating: 5
Powered by Blogger.