အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေး ထိပ်တန်းအရာရှိ ရာထူးက ဖြုတ်ခံရ

အိုင်းရင်း ဒုမ်း သံကွန်ခြာ လို့ ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် နဲ့ အဲရိုး လို့ ခေါ်တဲ့ ဒုံးခွင်းဒုံး စနစ် တွေ လို အရေးကြီး တဲ့ ကိစ္စတွေ ကို တာဝန်ယူ ကြီးကြပ် ခဲ့ရသူ ရာထူးက ဖယ်ရှားခံရ။

အစ္စရေး နိုင်ငံရဲ့ ဒုံးကျည် ကာကွယ်ရေး ဆိုင်ရာ ဌာန အကြီးအကဲ ယာအဲ ရာမာတီ ရာထူး ကနေ ဖယ်ရှား ခံလိုက် ရပါတယ်။

သတင်းအချက် အလက်တွေကို လုံခြုံစွာ ထိန်းသိမ်း ထားရမယ့် စည်းကမ်း ကို အကြီးအကျယ် ချိုးဖောက် ခဲ့လို့ ဆိုပြီး အစ္စရေး အစိုးရ က ပြောပါတယ်။

လျှို့ဝှက် အဆင့် စာရွက်စာတမ်းတွေ ကို မစ္စတာ ရာမာတီက သူ့ရဲ့ ကိုယ်ပိုင် ကွန်ပျူတာ မှာ သိမ်းဆည်း ခဲတယ် လို့ အစ္စရေး မီဒီယာ တွေ က ဆိုပါတယ်။

မစ္စတာ ရာမာတီ ဟာ အလုပ်အကိုင် အတွက် သက်တမ်း အသစ်တွေ ထပ်ထပ် တိုးစရာ မလိုတဲ့ အဆင့်အတန်း မျိုး ရရှိ ထားသူ ဖြစ်ပေမယ့် အခု ချိုးဖောက် မှုဟာ အင်မတန် ကြီးလေးတဲ့ အတွက် ရာထူး နေရာ အတွက် အကာအကွယ် ပေး အာမခံ ထားတဲ့ အဆင့်အတန်း ကို ပယ်ဖျက် ခဲ့ရတာ ဖြစ်တယ် ဆိုပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။

မစ္စတာ ရာမာတီဟာ အစ္စရေး လုံခြုံရေး အတွက် အရေးပါတဲ့ အိုင်းရင်း ဒုမ်း သံကွန်ခြာ လို့ ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် နဲ့ အဲရိုး လို့ ခေါ်တဲ့ ဒုံးခွင်းဒုံး စနစ် တွေ လို အရေးကြီး တဲ့ ကိစ္စတွေ ကို တာဝန်ယူ ကြီးကြပ် ခဲ့ရသူ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com
အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေး ထိပ်တန်းအရာရှိ ရာထူးက ဖြုတ်ခံရ အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေး ထိပ်တန်းအရာရှိ ရာထူးက ဖြုတ်ခံရ Reviewed by Unknown on 06:18 Rating: 5
Powered by Blogger.