ထိုင်းသံရုံးရှေ့ လုံခြုံရေး ဆက်လက်တိုးမြှင့်ထား


မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် လုံခြုံရေးဆက်လက်တိုးမြှင့်ထားပြီး ယခုအချိန်တွင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များ ချထားကြောင်း သိရသည်။ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ဆန္ဒပြမည်ဆိုသော ကောလဟလများလည်း ထွက်ပေါ်နေသည်။

ကနဦးက သံဃာတော်အချို့ ရောက်ရှိလာပြီး ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းပေးပို့သည်။ လက်ရှိတွင် ထိုင်းသံရုံးရှေ့၌ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် သတင်းထောက်များက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံမြန်မာ ၂ ဦးကို ယနေ့ သေဒဏ်ချမှတ်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်မှုများဖြင့် သောသောညံနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒပြရန် စုစည်းလှုံဆော်မှုများလည်း ရှိနေသည်။






(News Watch)

https://www.facebook.com/NewsWatchJournal
ထိုင်းသံရုံးရှေ့ လုံခြုံရေး ဆက်လက်တိုးမြှင့်ထား ထိုင်းသံရုံးရှေ့ လုံခြုံရေး ဆက်လက်တိုးမြှင့်ထား Reviewed by Staff Writer on 14:22 Rating: 5
Powered by Blogger.