အင်းလေးကန်ရှိ ရေထဲတွင် ဓါတ်သတ္တု ပါဝင်မှု လစဉ် စစ်ဆေးမည်

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ အင်းလေးကန်သို့ လာရောက်လည်ပတ် သော ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

အင်းလေးကန်၏ ရေအား လေ့လာ စမ်းသပ်မှုများ ပြုလုပ်ပြီးသည့်နောက် အင်းလေးကန်ရေတွင် အန္တရာယ်ရှိသော သတ္တုဓါတ်များ ပါဝင်မှု များပြားနေသည့်အတွက် လစဉ် စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်နှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ရှိသော ရေတချို့ အား နိုဝင်ဘာလ အတွင်းတွင် ဓါတ်ခွဲ စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ဓါတ်ခွဲ စမ်းသပ် ခဲ့ရာတွင်  ရေထွက်ရှိသော ငါးနေရာ နှင့်  အင်ကြင်းကုန်း ကျေးရွာရှိ သောက်သုံး ရေကန်တို့တွင် ရေစေးမှု ပမာဏ မြင့်မားနေပြီး  ယင်းဓါတ်သည် ရေရှည်တွင် နှလုံး သွေးကြောဆိုင်ရာ ရောဂါများနှင့်  ကျောက်တည်ခြင်း ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် ရှိကြောင်း၊ ခဲဓါတ်၊ သံဓာတ်၊ ကတ်ဒ်မီယံ ဓါတ်တို့မှာ သောက်သုံးရေ စံနှုန်းထက် ကျော်လွန်နေ၍ သတ္တုဓါတ် ပမာဏ မြင့်မား နေရခြင်းကို အဖြေရှာနိုင်ရေး အတွက် ဆက်လက် စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ သိရသည်။

“ရေအရည်အသွေး ကျဆင်းခြင်းကြောင့် အောက်ဆီဂျင် ပြတ်လပ်ကာ ကန်အတွင်း ရေနေ သတ္တဝါများ မရှိတော့ဘူး။ ငါးခူတို့ ငါးဖိန်းတို့လို ငါးတွေဆိုရင်လည်း ပေါပေါများများ မတွေ့ရတော့ဘူး။ ဒါကြောင့် ပထဝီ အချက်အလက် ဆိုင်ရာ အချက်တွေနဲ့ စနစ်တကျ လေ့တာ တိုင်းတာခဲ့တယ်။

ဆက်ပြီး လစဉ် တိုင်းတာမှု တွေကို ပြုလုပ်သွားမှာပါ’’ ဟု ၎င်း တာဝန်ရှိသူက ပြောသည်။ 

(Xinhua)
http://www.xinhuamyanmar.com/myanmar
အင်းလေးကန်ရှိ ရေထဲတွင် ဓါတ်သတ္တု ပါဝင်မှု လစဉ် စစ်ဆေးမည် အင်းလေးကန်ရှိ ရေထဲတွင် ဓါတ်သတ္တု ပါဝင်မှု လစဉ် စစ်ဆေးမည် Reviewed by Unknown on 04:36 Rating: 5
Powered by Blogger.