နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းနှင့်ငွေများ ခိုးယူသွားသူအား ဖော်ထုတ်အရေးယူ




၁၈.၁၂.၂၀၁၅ ရက်နေ့ ၁၈၄၅ အချိန်ခန့်တွင် ကော့မှူးမြို့နယ်နေဦးကျော်မြတ်သူသည် ဇနီးဖြစ်သူနှင့်အတူ အလုပ်မှနေအိမ်သို့ ပြန်လာရောက်ရှိစဉ်ဘီရိုအတွင်းထားရှိသော ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဟန်းချိန်း (၁)ခုနှင့် ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ်(၉၅၀၀၀)၊စုစုပေါင်းတန်ဖိုးငွေကျပ် (၃၃၇၀၀၀) ခန့်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့်စုံစမ်းအရေးယူပေးပါရန်တိုင်တန်းချက်အရ ကော့မှူးမြို့မရဲစခန်း (ပ)၃၀၃/၂၀၁၅ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ကော့မှူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ချက် အထောက် အထားများအရ ကော့မှူးမြို့နယ်နေ မော်ဖြိုးဝေ၊ (၁၈)နှစ်အားမသင်္ကာသဖြင့် ၁၉.၁၂.၂၀၁၅ ရက်နေ့တွင် ထိန်းသိမ်းပြီးစစ်ဆေးခဲ့ရာ အဆိုပါအမှုကို ၎င်းမှကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်အောက် ဘက်အိမ်မကြီးကြမ်းပြင်နှင့် နောက်ဖေးကြမ်းပြင်တို့ကြားလွတ်နေသည့်နေရာမှဝင်ရောက်ခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ၎င်းထံမှ သက်သေခံရွှေထည်ပစ္စည်းများ၊ ခိုးယူရရှိသည့်ငွေဖြင့်ဝယ်ယူထားသော စက်ဘီးနှင့် ငွေကျပ်(၄၁၀၀၀)တို့ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice
နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းနှင့်ငွေများ ခိုးယူသွားသူအား ဖော်ထုတ်အရေးယူ နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းနှင့်ငွေများ ခိုးယူသွားသူအား ဖော်ထုတ်အရေးယူ Reviewed by Staff Writer on 16:02 Rating: 5
Powered by Blogger.