ခိုးမှုကျူးလွန်ထားကြောင်း သံသယ ရှိသူအားစစ်ဆေးရာမှ ဘက္ထရီအိုးများခိုးယူခဲ့မှုပေါ်ပေါက်




ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခိုးမှု၊ လုယက်မှုများဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ၂၁.၁၂.၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်အတွင်း သတင်းစုံစမ်းဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ မင်းရဲကျော်စွာပတ်လမ်းတွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ကျော်သူဝင်း၊ (၂၇)နှစ်အားတွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းသည် ဗဒင်(စုံစမ်းဆဲ)နှင့်အတူ ၁၂.၁၂.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)တိုးချဲ့ ရပ်ကွက်၊သီရိရတနာဈေးရှိ ကားတာယာနှင့် ဘက္ထရီအိုးရောင်းဝယ်ရေးဆိုင်အတွင်းဝင်ရောက်ပြီး ဘက္ထရီအိုး(၂၁)လုံးကို ခိုးယူခဲ့ကြကြောင်း၊ ၎င်းမှ ဘက္ထရီအိုး(၁၁)လုံးကိုရောင်းချထားပြီး(၁)လုံးအား နေအိမ်တွင်ထားကာ ကျန်ဘက္ထရီအိုးများကို ဗဒင်မှယူဆောင်သွားကြောင်းပေါ်ပေါက်ာခဲ့သဖြင့် ကျော်သူဝင်းထံမှ ဘက္ထရီအိုး(၁၂)လုံးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အဆိုပါဘက္ထရီအိုးဆိုင်မှ ဘက္ထရီအိုး(၂၁)လုံး ခိုးယူခံရ၍ ၁၄.၁၂.၂၀၁၅ ရက်နေ့တွင် ဆိုင်ရှင်ဖြစ်သူမှ တိုင်တန်းထားရှိသည့်မြောက်ဥက္ကလာပမြို့ရဲစခန်း(ပ)၉၉၄/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၀ အမှုကို၎င်းတို့(၂)ဦး ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ယင်းသို့ပြစ်မှုကျူးလွန်သူ ကျော်သူဝင်းနှင့် ဗဒင်တို့အား အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး ဗဒင်အားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice
ခိုးမှုကျူးလွန်ထားကြောင်း သံသယ ရှိသူအားစစ်ဆေးရာမှ ဘက္ထရီအိုးများခိုးယူခဲ့မှုပေါ်ပေါက် ခိုးမှုကျူးလွန်ထားကြောင်း သံသယ ရှိသူအားစစ်ဆေးရာမှ ဘက္ထရီအိုးများခိုးယူခဲ့မှုပေါ်ပေါက် Reviewed by Staff Writer on 15:43 Rating: 5
Powered by Blogger.