ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စု စုစုပေါင်း (၅၁) အုပ်စုရှိသည့်အနက် အုပ်စုလိုက်အကုန်လုံး NLD မှ အနိုင်ရရှိသွားကြောင်း ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးရုံးခန်းမှ သိရသည်။
“ကျွန်တော်တို့ ရွှေတောင်မြို့မှာ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စု မဲရုံပေါင်း (၁၁၂) ရုံ ရှိတယ်။ အပြည့်အစုံတော့ မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီမှာ အမြှောက်တပ်၊ကုတင် (၁၀၀) စစ်ဆေးရုံနဲ့ ခလရ(၁၄) စတဲ့နေရာတွေပဲရှုံးပြီး ကျန်တဲ့ မဲရုံတွေအကုန် အနိုင်ရပါတယ်။ အုပ်စုအလိုက်ဆိုရင်တော့ အကုန်လုံးအနိုင်ရပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် တွဲဘက်အတွင်းရေးမှူး ဦးဝင်းနိုင်က ပြောသည်။
ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး မဲရုံပေါင်း (၁၁) ရုံ ရှိသည့်အနက် ရွှေတောင် ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းများရှိရာ သရက်တော အမှတ် (၂) ရပ်ကွက်တခုတည်းသာ NLD ပါတီအနေနှင့် မဲမတိမ်းမယိမ်းဖြင့် အနိုင်ရရှိပြီး ကျန်ရှိသော မဲရုံများမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကြောင်း ရွှေတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ပြုစုထားသောစာရင်းများအရ သိရသည်။
ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရွှေတောင်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စုအလိုက် အကုန်လုံး NLD အနိုင်ရ
Reviewed by THITHTOOLWIN
on
19:01
Rating:
