ဒီကနေ့ည ၉ နာရီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲအနိုင်ရ ရလဒ်တွေကို ကြေညာထုတ်ပြန်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အများစု အနိုင်ရရှိထားပါတယ်။
ပဲခူးတိုင်း ရွှေတောင်မြို့နယ် NLD ပါတီ ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၊ မန္တလေးတိုင်း အမရပူရမြို့နယ်က ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်-NLD ပါတီ၊ မတ္တရာမြို့နယ်အတွက် ဦးဇော်မင်းလွင် NLD ပါတီ၊ စဥ့်ကူးမြို့နယ် ဒေါက်တာဇော်ဝင်းမြင့် NLD ပါတီ၊ ကျောက်ဆည်မြို့နယ် ဒေါက်တာတင်အောင် NLD ပါတီ၊
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း။ (ဓာတ်ပုံ-ဗွီအိုအေ-မြန်မာပိုင်း) |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ နေရာက အနိုင်ရသူတွေကို ကြေညာတာမှာ ၁၃ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်တွေ ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နှစ်ဦးနဲ့ ဝဒီမိုကရက်တစ်ပါတီက တစ်ဦးတို့ အနိုင်ရရှိသွားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ရွေးကောက်ပွဲ တရားဝင်ရလဒ် NLD အများစု အနိုင်ရ
Reviewed by THITHTOOLWIN
on
00:14
Rating: