အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲ တွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ) |
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရလျှင် မည်သူ့ကိုမျှ အာဃာတ မထားဘဲ အတူတွဲ လုပ်ကိုင်လိုကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲ တွင် ပြောကြားသည်။
“အားလုံးကို ကျောသား ရင်သားမခွဲ ဆက်ဆံရေးဟာ သိက္ခာရှိတဲ့၊ အဆင့်အတန်းရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမျှ အာဃာတ မထားဘဲနဲ့ အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်ခဲ့ရင်တောင်မှ လက်ကမ်း ကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့ စိတ်ရှိပါတယ်လို့ ပြောချင်ပါတယ်” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ) |
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ သုဝဏ္ဏတွင် ကျင်းပသော ရွေးကောက်ပွဲ အောင်နိုင်ရေးပွဲသို့ တက်ရောက်လာသော ပြည်သူများ (ဆင်ဟွာ) |
ရွေးကောက်ပွဲသည် နိုင်ငံ၏ အပြောင်းအလဲအတွက် ကြီးမားသည့် အပြောင်းအလဲ ဖြစ်ပြီး အပြောင်းအလဲကို ဖော်ဆောင်ရန် အခွင့်အရေး ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို မိမိရရ အသုံးပြုရန်မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီသောကြောင့် ကော်မရှင်ထံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမှုပေါင်း ၁၀၀ နီးပါး တို်င်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မြို့ဦး စေတီတွင် ယနေ့ ကျင်းပခဲ့ပြီး လူဦးရေ သိန်းနှင့်ချီ တက်ရောက် ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ရွေးကောက်ပွဲ၌ NLD နိုင်လျှင် အာဃာတ မထားဘဲ အတူတွဲ လုပ်ကိုင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဆို
Reviewed by THITHTOOLWIN
on
20:19
Rating: