အရက်ဘီယာတားမြစ်ထားတဲ့ ဆော်ဒီနိုင်ငံထဲကို ဘီယာခိုးသွင်းတဲ့ မှောင်ခိုသမားတွေကို ဖမ်းမိခဲ့ပါတယ်။ ယူအေအီးနဲ့ ဆော်ဒီနယ်စပ် အာလ်ဘက်သာဂိတ်က အကောက်ခွန်ဝန်ထမ်းတွေက ပက်စီဘူးပုံနဲ့ သွင်းလာတဲ့ ဘီယာဘူးတွေကို ဖမ်းမိခဲ့တာလို့ သိရတယ်။
“အချိုရည်ဘူးတွေ တင်သွင်းလာတဲ့လို့ထင်ရတဲ့ ထရပ်ကားကို ပုံမှန် လုပ်ရိုးလုပ်စဉ်အရ တားပြီးစစ်တာမှာ ပက်စီအမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ဘီယာဘူးတွေဖြစ်နေတာကို တွေ့ရှိခဲ့တာပါ”လို့ အကောက်ခွန်ဂိတ်က အရာရှိတဦးက ပြောပါတယ်။
အခုနောက်ပိုင်း မှောင်ခိုသမားတွေက ရှုပ်ထွေးပြီး ဖမ်းမိဖို့မလွယ်တဲ့ နည်းလမ်းတွေအသုံးပြုပြီး ပစ္စည်းတွေ ခိုးသွင်းလာကြတယ်လို့ အကောက်ခွန်အရာရှိက ပြောပါတယ်။
Ref;RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဆော်ဒီမှာ ပက်စီစတစ်ကာကပ်ထားတဲ့ ဘီယာဘူး ၄ သောင်း ၈ ထောင် ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:24
Rating:
