ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက ရန်ကုန်မြေ ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နိုင် ကြောင်း House.com.mm မန်နေဂျင်း ဒါရိုက်တာ Mr.Balaji Ramaswami က သုံးသပ်ပြောဆိုသည်။အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လာပြီဖြစ်သော အမေရိကန်နှင့် ဥရောပ စသည့် နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်မှု မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းကြသည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာမယ်ဆိုရင်တော့ မြေဈေးနှုန်း မြင့်တက်မှုကို ရင်ဆိုင် ရနိုင်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ။ ဒါပေမဲ့ ၀ယ်လိုအားများလာပြီဆိုတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြိုင်အဆိုင် လုပ်ကိုင်လာလိမ့်မယ်''ဟု Mr.Balaji Ramaswami က ပြောသည်။
Directorate of Investment and Company Administration (DICA) ၏ စစ်တမ်းများအရ ယခင်အစိုးရ လက်ထက်တွင် အိမ်ခြံမြေကဏ္ဍ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကန် ဒေါ်လာ ၄၄၀ ဒသမ ၅ မှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၇၈၀ ဒသမ ၇ အထိ မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပြည်ပရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာချိန်၌ နိုင်ငံတကာလုပ်ငန်းကြီးများ၏ အတွေ့ အကြုံများ၊ နည်းပညာအားသာမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ တောင့်တင်းမှုများသည် စိန်ခေါ်မှုဖြစ်လာ နိုင်ကြောင်း သုံးသပ်ကြသည်။ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ ထပ်မံဝင်ရောက်ရေးသည် နောက်တက်လာမည့် အစိုးရသစ်အတွက် စိန်ခေါ်မှုသဖွယ်ဖြစ်နေကြောင်းလည်း သုံးသပ်ကြသည်။
''ဈေးနှုန်းတွေ၊ ၀ယ်လိုအားတွေ ယှဉ်ပြိုင်လာနိုင်တယ်။ တဖက်က ပြန်ကြည့်ရင်လည်း ရင်းနှီးမြုပ်နှံမှုနဲ့အတူ ရလာမယ့် နည်းပညာ၊ အလုပ်အကိုင်အခွင့် အရေး၊ နိုင်ငံတကာအတွေ့အကြုံတွေတော့ ရနိုင်တယ်'' ပြည်တွင်းရှိ လုပ်ငန်းရှင်တဦးက ပြောသည်။
မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြည်ပရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက ရန်ကုန်မြေဈေး မြင့်တက်နိုင်
Reviewed by THITHTOOLWIN
on
21:49
Rating: