သေဆုံးသူတွေရဲ့ မိသားစုတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်လာစဉ် (Credit: AFP) |
ကားထဲမှာ ဗုံးထောင်ထားပြီး ပေါက်ကွဲခဲ့ဟန် ပေါက်တယ်လို့ ယူဆနေကြပါတယ်။
ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူကြောင်း ဝန်ခံထားတာ မရှိပေမယ့် တူနီးရှား အစိုးရက ၂၀၁၁ ခုနှစ်နောက်ပိုင်း အာဏာရှင် Zine El Abidine Ben Ali ကို ရာထူးကနေ ဖြုတ်ချပြီးတဲ့နောက် အစ္စလာမ်မစ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းက နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု နှစ်ခုကိုတော့ IS အဖွဲ့က သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
တူနီးရှားနိုင်ငံရဲ့ မြို့တော် Tunis မြို့လည်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် အရေးပေါ် အခြေအနေနဲ့ ကာဖြူးအမိန့်တွေ ချမှတ်ထားကြောင်းလည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
တူနီးရှား သမ္မတရဲ့ အစောင့်ကား တိုက်ခိုက်ခံရ ၁၂ ဦးသေ
Reviewed by THITHTOOLWIN
on
09:45
Rating: