အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံးလုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မူမရှိကြဖို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီ က ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ကြစဉ် ပြောပါတယ်။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ပါတီတွေအနေနဲ့လည်း အပြန်အလှန်ထိန်းကျောင်းတဲ့ ဖြစ်စဉ်အားကောင်းဖို့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်ဆောင်ကြဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေပြုလုပ်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့အတွက် တိုက်တွန်းသွားပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို လက်ရှိ မဲရလာဒ်တွေအရ အစိုးရဖွဲ့ဖို့ သေချာနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအ၀င်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စတဲ့ ပါတီ ပေါင်း ၈၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
စနစ်တကျ အာဏာလွှဲပြောင်းပေးမယ်လို့ နိုင်ငံတော်သမ္မတပြောကြား
Reviewed by THITHTOOLWIN
on
20:23
Rating:
