Brahmanbaria မြို့မှာ မွေးဖွားခဲ့တဲ့ ကလေးကို မြို့တော်က ဆေးရုံကို ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။ (Credit: AFP) |
ခေါင်းနှစ်လုံးပါတဲ့ ကလေးက ဆေးရုံမှာ မွေးတယ်ဆိုတဲ့ သတင်းကို ကြားလို့ ထောင်နဲ့ချီတဲ့ လူတွေက ဆေးရုံကို လာပြီး ကြည့်ရှုကြတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အဲဒီ ကလေးဟာ ဗုဒ္ဓဟူးနေ့တုန်းက မွေးဖွားပြီး အခုအခါမှာ အသက်ရှု ခက်ခဲမှု ဖြစ်နေတဲ့အတွက် မြို့တစ်မြို့က ဆေးရုံကနေ မြို့တော် ဒါကာမြို့က အကြီးဆုံး ဆေးရုံကို ခေါ်ပြီး ကုသမှု လုပ်နေရပါတယ်။
ဖခင်ဖြစ်သူ Jamal Mia ကတော့ သမီးကို တွေ့တဲ့အခါမှာ အံ့အားသင့် မင်သက်ခဲ့ရတဲ့အကြောင်း အခုအခါမှာတော့ သူ့သမီးလေးက ပါးစပ်နှစ်ခုနဲ့ အစာစားနေသလို နှာခေါင်းနှစ်ခုနဲ့ အသက်ရှုနေတယ်လို့ ပြောပါတယ်။
မိခင်နဲ့ ကလေး ကျန်းမာနေတဲ့အတွက် အာလာအရှင်မြတ်ကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
ကလေးရဲ့ ဖခင်က လယ်အလုပ်သမားဖြစ်တဲ့အတွက် ဒီကလေးကို သာမာန်ထက် ပိုစောင့်ရှောက်ရမယ်ဆိုရင် တတ်နိုင်ပါ့မလား ဆိုပြီး ဆင်းရဲတဲ့ မိသားစုထဲကို ရောက်လာတဲ့ သမီးလေးအတွက် စိုးရိမ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းကလည်း ခေါင်းနှစ်လုံးပါတဲ့ ကလေးတစ်ယောက် မွေးဖွားဖူးပေမယ့် မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ခေါင်းနှစ်လုံးနဲ့ကလေး ဘင်္ဂလားမှာမွေး
Reviewed by THITHTOOLWIN
on
11:16
Rating: