နေပြည်တော် နိုဝင်ဘာ ၁၅
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် ရတနာရွှေဘုံလမ်းရှိ Hello မူကြိုကျောင်းရှေ့၌ နိုဝင်ဘာ ၁၄ ရက် က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက် တိုက်-၄၃၇ဝ ရှေ့ ရတနာရွှေဘုံလမ်းပေါ်တွင် ယာဉ်မောင်း ဦးမျိုးမြင့်အောင် သုခသိဒ္ဓိ ရပ်ကွက်နေသူ မောင်းနှင်လာသော ဆလွန်းအဖြူရောင် မော်တော်ယာဉ် သည် လမ်း၏ယာဘက်ပလက်ဖောင်းကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိ ပြီးနောက် လမ်း၏ယာဘက်ခြမ်းတွင် ရပ်ထားသော မစ်ဆူဘီမှန်လုံကား နှင့် နောက်ထပ်မှန်လုံကားတစ်စီးကို နောက်မှ ဝင်ရောက်တိုက်မိခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ ကိုချမ်းက ပြောပြသည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် ယာဉ်မောင်းရှေးခန်းတွင် အရက်ပုလင်းနှင့် အအေးပုလင်းကို တွေ့ရှိရကြောင်း၊ ယာဉ်မောင်း မျိုးမြင့်အောင်မှာ ဒဏ်ရာများရရှိထားသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသည် အကျယ်ပေ ၆ဝ ရှိပြီး ယခင်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း မရှိဖူးကြောင်း သိရသည်။ အမှုဖြစ်ပွားသည့် ယာဉ်ကို အမှတ်-၉ ရဲစခန်း၌ သိမ်းဆည်းထားပြီး ယာဉ်မှုစစ်ဌာနမှ ရဲအုပ် ထွန်းဦးခိုင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်(ဇမ္ဗူသီရိ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နေပြည်တော်၌ ယာဉ်သုံးစီး ဆင့်တိုက်
Reviewed by THITHTOOLWIN
on
09:18
Rating:
