ပဲခူး နိုဝင်ဘာ ၁၄
ပဲခူးမြို့နယ် ထန်းတောကြီးနယ်မြေရဲစခန်းပိုင် လှော်ကား ကျေးရွာအုပ်စု လှော်ကားကျေးရွာအနောက်ဘက် မဟာမိုးမြေ ရော်ဘာခြံဝင်းအတွင်း တောဆင်ရိုင်းအထီးတစ်ကောင် သေဆုံးနေကြောင်း နိုဝင်ဘာ ၁၃ ရက်က လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဌေး၏ သတင်းပေးချက်အရ ဘောနက်ကြီးရဲကင်းမှူး ဒုရဲအုပ်ခင်လှိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မဟာမိုးမြေရော်ဘာခြံ မန်နေဂျာ ဦးကျော်ကျော်က နိုဝင်ဘာ ၁၃ ရက် နံနက် ၃ နာရီခန့်တွင် ရော်ဘာခြံဝင်းအတွင်း ဆင်အော်သံကြားခဲ့ရသဖြင့် ရော်ဘာခြံလုပ်သားများနှင့်အတူ လှည့်လည်ကြည့်ရှုရာ ဆင်သေတစ်ကောင်ကို တွေ့ရှိသဖြင့် လှော်ကားကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။
ရဲကင်းမှူးနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဆင်သေကို စစ်ဆေးမှုပြုလုပ်ရာ အလျား ၁၂ ပေ၊ အမြင့် ကိုးပေ၊ ဟိုင်းဆင်အမျိုးအစား၊ အစွယ်မပေါက်သေး၊ ပြင်ပဒဏ်ရာမရှိ သေဆုံးနေကြောင်း တွေ့ရသဖြင့် သစ်တောဦးစီး ဌာနရှိ ဆင်ဆရာဝန်ထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပဲခူးမြို့နယ် လှော်ကားကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်သေဆုံး
Reviewed by THITHTOOLWIN
on
12:21
Rating:
