ဘရာဇီးလ်နိုင်ငံမှာ မိုင်းတွင်းတစ်ခုရဲ့ ဆည်ကျိုးပဲ့ခဲ့ရာက လူ ၆ ဦး သေဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေပါတယ်။
အဲဒီဆည်မှာ သြစတြေးလျနိုင်ငံက BHP မိုင်းတွင်းကုမ္ပဏီက အလုပ်လုပ်ကိုင်နေပြီး စွန့်ပစ်ပစ္စည်းတွေ ပါဝင်တဲ့ ဆည်ရေတွေ ကျိုးပဲ့ခဲ့တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့တုန်းက ဆည်နှစ်ခု ကျိုးပဲ့တဲ့အပြင် အခုအခါမှာ တတိယမြောက် ဆည်တစ်ခုကလည်း ကျိုးပဲ့နိုင်တဲ့အတွက် အခုအခါမှာ အနီးအနားမှာ နေတဲ့ လူအားလုံးကို ရွှေ့ပြောင်းခိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ရွံ့ရေတွေလို ဖြစ်နေတဲ့ မိုင်းတွင်း အညစ်အကြေးတွေက အဲဒီဒေသက နေအိမ်တွေ၊ လမ်းတွေကို ပိတ်ဆို့နေတယ်လို့ အဲဒီနေရာနားအထိ ရောက်သွားတဲ့ အေဘီစီ သတင်းထောက်က ပြောပါတယ်။
BHP ကုမ္ပဏီ ပိုင်ရှင် Andrew Mackenzie က ဘရာဇီးလ်နိုင်ငံကို သွားရောက်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ကူညီသွားမယ်လို့ ပြောပါတယ်။
မြို့ခံ ဒေသရဲ့ ဘဝတွေ ပြန်လည် ထူထောင်ရေးမှာ ပါဝင်မှာဖြစ်တယ်လို့ သြစတြေးလျ မိုင်းကုမ္ပဏီ အရာရှိက ကတိပေးလိုက်ပါတယ်။
ဘရာဇီးလ်အစိုးရကလည်း BHP ကုမ္ပဏီနဲ့ အဲဒီ မိုင်းလုပ်ငန်းကို ပူးတွဲ လုပ်ကိုင်တဲ့ Vale ကုမ္ပဏီတို့ကို သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းအောင်လုပ်မှုနဲ့ ဒဏ်တပ်မယ်လို့ ပြောဆိုထားပါတယ်။
အစိုးရကနေ ဒဏ်ကြေးငွေ မတောင်းဆိုသေးပေမယ့် BHP က ဒေသခံတွေ ဘဝပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် ကူညီမယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘရာဇီးလ်မှာ ဆည်ပြို ၆ ဦးသေ၊ ၂၀ပျောက်
Reviewed by THITHTOOLWIN
on
12:41
Rating: