ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရခိုင်အမျိုးသားပါတီသည် လွှတ်တော် ၄ ရပ်စလုံးတွင် အနိုင်ရရှိသွားကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော် လွှတ်တော်နေရာ ၄ ခုစလုံးမှာနိုင်ပါတယ်။ မဲအပြတ်အသတ်နဲ့ နိုင်ပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် ကြေငြာခြင်း မရှိသေးသော်လည်း ရပ်ကျေး ကော်မရှင်များမှ ရေတွက် ပြီးစီးသွားသော မဲစာရင်းအရ အခုလို အနိုင်ရရှိသည်ကို သေချာပေါက် ပြောနိုင်ကြောင်း ဦးဖေသန်းက ဆိုသည်။
အမျိုးသားလွှတ်တော်တွင် ဦးအေးသာအောင်ကလည်းကောင်း၊ ပြည်သူ့ လွှတ်တော်တွင် ဦးဖေသန်းမှလည်းကောင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ဦးအောင်ဝင်းကလည်းကောင်း၊ ပြည်နယ် လွှတ်တော် အမှတ် (၂) တွင် ဦးမြသန်းလည်းကောင်း အနိုင်ရရှိခဲ့သည်ဟု သိရသည်။
( ယခု ဓာတ်ပုံမှာ စင်္ကာပူရောက် ရခိုင်လူငယ်များက ANP ကို ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်နေကြသည့် ပုံ ဖြစ်ပါသည်။)
Arakan State
https://www.facebook.com/NarinjaraNews
မြေပုံမြို့နယ် နေရာ ၄ ခုစလုံး ရခိုင်အမျိုးသားပါတီနိုင်
Reviewed by THITHTOOLWIN
on
19:04
Rating:
