ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ၏ အောင်ပွဲကို ၀မ်းမြောက် ဂုဏ်ယူကြောင်း ဆိုနီယာဂန္ဒီ သ၀ဏ်လွှာ ပေးပို့
အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီက သမိုင်းဝင် လွှတ်တော် ရွေးကောက်ပွဲများတွင် နိုင်ငံနှင့် အ၀ှမ်း အောင်ပွဲ ခံလိုက်ခြင်း အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ယနေ့ ထုတ်ဖော်ပြောဆို လိုက်ပါသည်။
ဒီမိုကရေစီအရေးအတွက် သူမ၏ ကာလရှည်ကြာရုန်းကန်ခဲ့မှုနှင့် ခိုင်မြဲသည့် ဆုံးဖြတ်ချက်ပြတ်သားမှုကို ဂန္ဒီက သတိရနေခဲ့ပြီး ကွန်ဂရက်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား နက်ရှိုင်းသည့် ဆက်ဆံရေးကိုလည်း အလေးအနက်ထားခဲ့သည်။
ယင်းရွေးကောက်ပွဲများက မြန်မာနိုင်ငံတွင် နောက်ကြောင်း မပြန်သည့် ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိမ့်မည်ဟု ဆိုနီယာဂန္ဒီ မျှော်လင့်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။
”သမိုင်းဝင်အောင်မြင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဂုဏ်ယူပါတယ်။ သူမရဲ့ အောင်မြင်မှုက မြန်မာနိုင်ငံအတွက် ခေတ်သစ် တစ်ခု မှတ်တမ်းတင်ခဲ့ပါပြီ။ သူမအတွက် အကောင်းဆုံး ဆန္ဒပြုပါတယ်။” ပါတီ၏ ဒုတိယ ဥက္ကဌ ရာဟူးဂန္ဒီက ပြောဆိုခဲ့သည်။
”သူမရဲ့ ဦးဆောင်မှုအောက်မှာ အိန္ဒိယနှင့် မြန်မာတို့ ပိုမိုနီးကပ် လာမယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဟု ကွန်ဂရက်ပါတီ၏ ဒုတိယဥက္ကဌက တွစ်တာတွင် ပြောဆိုသွားခဲ့သည်။
PKT
The Ladies News Journal
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ၏ အောင်ပွဲကို ၀မ်းမြောက် ဂုဏ်ယူကြောင်း ဆိုနီယာဂန္ဒီ သ၀ဏ်လွှာ ပေးပို့
Reviewed by THITHTOOLWIN
on
20:27
Rating:
