ပထမအကြိမ်မဲစာရင်းပါလာပြီ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲဆန္ဒရှင်အမည်မပါလာသူများ လွိုင်ကော်မြို့တွင်ရှိနေသည်ဟု သိရသည်။
မဲပေးခွင့်မရှိသော မဲဆန္ဒရှင်များသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် နာမည်ပါလာပြီး နောက်ဆုံးအကြိမ် မဲစာရင်းပြန်လည် ကြေညာရာတွင် နာမည်ပါလာခြင်းမရှိသည့်အတွက် မဲပေးခွင့် ဆုံးရှူံးသွားကြောင်းသိရသည်။
“ဒီနေ့ မဲသက်သေခံလက်မှတ် လာထုတ်တာ စာရင်းမပါလာဘူး။ ပထမအကြိမ် မဲစာရင်းကြေညာတာ နာမည်ပါတယ်။ ဒုတိယအကြိမ်ရောပဲ။အခုမဲပေးဖို့ မဲသက်သေခံလက်မှတ်လာထုတ်တာ စာရင်းကပြန်မပါလာတော့ဘူး။ မဲပေးခွင့်မရတော့ဘူး။” ဟု ဒေါဥခူရပ်ကွက်မှ မဲပေးခွင့် ဆုံးရှုံးသွားသူတစ်ဦးက ဆိုပါသည်။
မဲစာရင်းတွင် စာရင်း ပါမလာခြင်းသာ မဟုတ်ပဲ ပထမအကြိမ်၊ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကြေညာတွင် မဲစာရင်း ကြည့်ရူခြင်းမရှိသူများက လည်း မဲပေးခွင့် ဆုံးရှူံးနေကြောင်းသိရသည်။
“အမှန်တော့ မဲစာရင်း မှာ စာရင်းမပါလာတာမဟုတ်ဘူး။ ပထမ၊ဒုတိယ မဲစာရင်းကြေညာတုန်းက လာမကြည့်ကြလို့၊ အဲတော့ အဲကတည်းက မဲစာရင်းပါလာလား၊မပါလာဘူးလား ဆိုတာ မသိဘူးလေ။ လာကြည့်တဲ့သူတွေကတော့ မဲစာရင်း ပါမလာလို့ ပြန်လျောက်တော့ ပြန်ပါလာကြတယ်။ ပြီးတော့ မဲစာရင်းမှာ အချက်အလက်မှားတာတွေ က ပြန်ပြင်တဲ့သူတွေက ပါလာကြတယ်။” ဟု နွားလ၀ိုးကျေးရွာအုပ်စုမှူး ဦးနေဆန်းက ဆိုသည်။
မဲပေးခွင့် ဆုံးရှုံးသွားသူများသည် မြို့ပေါ်နေပြည်သူများသာမက ကျေးရွာနေ ပြည်သူများကလည်းရှိသလို ကျေးရွာနေပြည်သူများက မဲပေးခွင့် ဆုံးရှူံးသူ ပိုများနေကြောင်း သိရသည်။
လက်ရှိနောက်ဆုံးအကြိမ် ကြေညာသော မဲဆန္ဒရှင်စာရင်းများသည် နာမည်မှားခြင်း ၊ မှတ်ပုံတင်နံပါတ်မှားယွင်းခြင်း ၊ စာရင်းပါမလာခြင်း စသည်များ ရှိနေသေးကြောင်းသိရသည်။
လွိုင်ကော်မြို့နယ်အတွင်း ကြိုတင်မဲလာထည့်ကြသူများ မြင်တွေ့ရစဉ်ဖြစ်သည်။ ဓါတ်ပုံ ဖြိုးဝေအောင်
ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ပထမအကြိမ်မဲစာရင်းပါပြီးနောက်ဆုံးအကြိမ် အမည်ပါမလာသူများရှိနေ
Reviewed by THITHTOOLWIN
on
21:41
Rating: