ဆန္ဒပြမှုမှာ ပါဝင်သူ ၂၀၈ ယောက်ကို ပြင်သစ်ရဲ ထိန်းသိမ်းထား (Credit: Reuters) |
ပဲရစ်မြို့ ဆန္ဒပြမှုမှာ ပါဝင်တဲ့ လူပေါင်း ၂၀၈ ယောက်ကို ရဲတွေက ဖမ်းဆီးထားပါတယ်။
ရာသီဥတု ပြောင်းလဲမှုကို ကြိုတင်ကာကွယ်ဖို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ ဒီထက် ပိုလုပ်သင့်တယ်လို့ တောင်းဆို ဆန္ဒပြမှုက အစပိုင်းမှာ ပျော်ပျောင်ရွှင်ရွင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပေမယ့် ပဲရစ်မြို့ စံတော်ချိန် ညနေ ၂ နာရီလောက်မှာ မျက်နှာတွေကို ပုဝါစီးထားတဲ့ ဆန္ဒပြသူတွေ ရောက်ရှိလာပြီး သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုတွေ မရှိအောင် အစိုးရက အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားတာ ဆိုပြီး စွပ်စွဲမှု စတင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ဖုရောင်းတိုင် တွေနဲ့ ပစ်ပေါက်တာမျိုး ဖြစ်ပေါ်ပြီးနောက် ရဲတွေက လူစုခွဲခဲ့ရပါတယ်။
အကြမ်းဖက်မှုအတွင်း သေဆုံးရတဲ့ လူတွေအတွက် ထွန်းထားတဲ့ ဖုရောင်းတိုင်နဲ့ အောက်မေ့ဖွယ် ကျင်းပခဲ့တဲ့ နေရာမှာ အခုလို အကြမ်းဖက်တဲ့ ဆန္ဒပြမှု ဖြစ်ပေါ်တဲ့အတွက် ဆန္ဒပြမှုကို စီစဉ်ခဲ့သူတွေက ဒီလို ရုပ်ဆိုးတဲ့ လုပ်ရပ်မျိုး ဖြစ်အောင် သူတို့ မလုပ်ဆောင်ရဘူးလို့ ပြောဆိုနေပါတယ်။
အကြမ်းဖက်မှုအတွင်း သေဆုံးသူတွေကို အောက်မေ့တဲ့ နေရာမှာ အခင်းဖြစ်ပွားတဲ့အတွက် ပြင်သစ် သမ္မတကလည်း အမျက်ဒေါသထွက်နေပါတယ်။
ရာသီဥတု ညီလာခံကို တက်ရောက်ဖို့ သြစတြေးလျ ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ညီလာခံ အနီးတဝိုက်ကို ရဲအယောက်ပေါင်း ၂၈၀၀ က စောင့်ရှောက်နေပြီး ပဲရစ်မြို့ အနှံ့မှာတော့ ရဲအယောက်ပေါင်း ၆၃၀၀ လုံခြုံရေး ယူထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရာသီဥတု ညီလာခံ မစတင်ခင် အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ခဲ့
Reviewed by THITHTOOLWIN
on
14:20
Rating: