ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှာဖွေကြစဉ်။ Photo: Kyaw Myo Min/RFA |
"ကျောက်မျက်ရတနာ တူးဖော်တဲ့ဆိုတာက မြေပြင်ရဲ့အခြေအနေပေါ်မှာမူတည်ပြီး ပိုမိုပြီးတော့ စနစ်ကျတဲ့ စက်ယန္တရားတွေ နည်းပညာအဆင့်မြင်နဲ့ စက်ယန္တရားတွေ သုံးလာရတယ်ဆိုတာလည်း အခုကျနော်တို့ရဲ့ တူးဖော်နေတဲ့အချိန်မှာ မြေအောက်အနက်တွေ ပိုမိုပြီးတော့နက်လာတယ်၊ ကျနော်တို့ရဲ့ မြေစာဖြစ်တဲ့ ပုံရတဲ့နေရာတွေဟာ ပိုမိုဝေးလာတဲ့အချိန်မှာ ကျနော်တို့သုံးနေတဲ့ စက်ယန္တရားကတော့လိုအပ်ပါတယ် သို့သော် စက်ယန္တရားအရေအတွက်နဲ့ ထိန်းချုပ်ကန့်သတ်ဖို့ကိုတော့ ကျနော်တို့ ဒီကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနဲ့ တိုင်ပင်ပြီး စနစ်တကျလုပ်သွားဖို့ကိုတော့ အစီအစဉ်ရှိပါတယ်၊ ဒါတွေကို ကျနော်တို့ ဆွေးနွေး လိုပါတယ်"
အရင်အစိုးရ လက်ထက်ကတည်းက တူးဖော်ရေးယာဉ်နဲ့ စက်ယန္တရားတွေကို ခွင့်ပြုထားတာဖြစ်တဲ့အတွက် အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ပြီး လက်ရှိအသုံးပြုနေကြတဲ့ ယန္တရားတွေအားလုံးက နိုင်ငံတော်မှာ အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောပါတယ်။
ဦးလဂျွန်ငန်ဆိုင်းဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဖားကန့်မြို့နယ် ဆွတ်အောင်ရွာအနီးက ကန်ခမ်စုပေါင်းမြေစာပုံ ပြိုကျတဲ့နေရာကို နိုဝင်ဘာ ၂၄ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး မြေစာပိပြီး သေဆုံး သွားသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကြိုင်အင်တာနေရှင်နယ်၊ Ever Winner ကုမ္ပဏီနဲ့ ဝ လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့ ရာဇဌာနီ စတဲ့ ကုမ္ပဏီကြီးတွေက အများဆုံးတူးဖော်နေ တာဖြစ်ပါတယ်။
ကျောက်စိမ်းတွင်းဒေသမှာ အနယ်နယ် အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်သူ ၂ သိန်းဝန်းကျင်ရှိပြီး မြေစာပုံ ပြိုကျမှုတွေ မကြာခဏဖြစ်နေတာကြောင့် သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဖားကန့်မှာ စက်ယန္တရား အသုံးပြုမှုတွေ ထိန်းချုပ်တော့မည်
Reviewed by THITHTOOLWIN
on
11:54
Rating: