သားခြားဖို့အတွက် ဆေးခန်းကို ရောက်ခဲ့တဲ့ အမျိုးသမီး (Credit: Reuters) |
ကျန်းမာရေး လုပ်သား နှစ်ယောက်ဟာ အိန္ဒိယငွေ ၁၁ ယူပီ ဒါမှမဟုတ် ဒေါ်လာ ၂၂ စင့်နဲ့ ညီမျှတဲ့ ငွေကို လွန်ခဲ့တဲ့ ၂၅ နှစ်က အလွဲသုံးစား လုပ်ခဲ့တာလို့ တရားခံရဲ့ ရှေ့နေက ပြောပါတယ်။
၁၉၈၉ ခုနှစ်တုန်းက သားခြားဌာနမှာ အလုပ်လုပ်တဲ့ သူနာပြုနဲ့ ကျန်းမာရေး လုပ်သားတစ်ယောက်ဟာ ဝင်ငွေ ပိုရအောင် အဖိုးအခ ပိုတောင်းမိခဲ့တာလို့ သိရပါတယ်။
လူဦးရေ တိုးပွားမှုနှုန်းကို အစိုးရက လျှော့ချလိုတဲ့အတွက် သားခြားတဲ့ လူတွေကို အစိုးရက မက်လုံးတွေ ပေးပြီး သားခြားမှု လုပ်ခိုင်းတဲ့ ကာလ ဖြစ်ပါတယ်။
သားခြားတဲ့ လူတွေကို အစိုးရက ၁၈၁ ရူပီ ပေးချိန်မှာ အဲဒီ ကျန်းမာရေး လုပ်သားတွေက ၁၈၀ ပဲပေးပြီး တစ် ရူပီကို အိတ်ထဲ ထည့်ခဲ့ပြီး စုစုပေါင်း ၁၁ ယူပြီ ရရှိခဲ့ကြတာပါ။
တရားခံတွေရဲ့ ရှေ့နေကတော့ တချို့လူတွေက ပြည်သူပိုင်ငွေ သန်းနဲ့ချီကို အလွဲသုံးစား လုပ်ပေမယ့် ဘာအပြစ်မှ မပေးပဲ တစ်ဒေါ်လာတောင် မရှိတဲ့ ငွေကို အလွဲသုံးစားမှု လုပ်တဲ့လူတွေကို ထောင် တစ်နှစ် ချမှတ်တာ လွန်လွန်းတဲ့အတွက် ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောလိုက်ပါတယ်။
ကျန်းမာရေး လုပ်သားတွေဟာလည်း ဒီအမှုမှာ သက်သာရအောင် ရူပီ သုံးသိန်း အကုန်ခံပြီး ခုခံကာကွယ်မှု လုပ်နေရတယ်လို့ ရှင်းပြခဲ့ပါတယ်။
တရားသူကြီးကတော့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ပေမယ့် သနားညာတာလို့ ထောင်ဒဏ် တစ်နှစ်ပဲ ချမှတ်တာလို့ တုန့်ပြန်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-11-27/1519326
ဒေါ်လာ ၂၂ ပြား အလွဲသုံးစား လုပ်ခဲ့သူကို ထောင် ၁ နှစ်ချ
Reviewed by THITHTOOLWIN
on
11:18
Rating: