ရွေးကောက်ပွဲမှ အနိုင်ရရှိသည့်ပါတီအား သတ်မှတ်ချိန်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ အာဏာ လွှဲပြောင်း ပေးမည်ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာမလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ နိုဝင်ဘာ ၁၅ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားခဲ့သည်။
“ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်းမှာ တည်ဆဲဥပဒေများ၊နည်းပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွား မှာဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဒုတိယအကြိမ်လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြား မှာဖြစ်ပါတယ်။ လွှတ်တော်များအနေနဲ့ ဆောက်ရွက်ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးသည့်အခါမှာ ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်ကို သတ်မှတ်ချိန် အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။” သမ္မတဦးသိန်းစိန်ကပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိစေဘဲ တည်တည်ငြိမ်ငြိမ်၊ချောချောမွေ့မွေ့ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟုလည်းြ သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် နိုင်ငံရေးပါတီ ၈၀ ကျော်တက်ရောက်ခဲ့ကြပြီး ပါတီ တစ်ခု အား လေးမိနစ်စီ ဆွေးနွေးခွင့်ပြုခဲ့ရာ မြစ်ဆုံစီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရေး၊NCA ကိစ္စ၊ တိုက်ပွဲများဖြစ်ပွါးနေခြင်းကိစ္စ၊ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေဒများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
သတ်မှတ်ချိန်အတွင်း စနစ်တကျ အာဏာလွှဲပြောင်းပေးမည်ဖြစ်၍ စိုးရိမ်ပူပန်စရာမလိုဟု သမ္မတကတိပြု
Reviewed by THITHTOOLWIN
on
19:36
Rating:
