နိုဝင်ဘာလ ၇ ရက် ၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ သက်ကြီးရွယ်အိုတွေနဲ့ ဒွက်ချာပါဒတွေ ကို ကော်မရှင်အဖွဲ့က မဲထည့်ပေးနေတယ်လို့သိရပါတယ်။
“မဲမထည့်နိုင်တဲ့ ကျပ်မပြည့် ဒွက်ချာပါဒ တွေအတွက် အာဏာပိုင်တွေက ထည့်ပုံထည့် နည်းတွေ ပြောလည်းပြော ကြံ့ခိုင်ရေးပါတီအကွက်ဘေးမှာ တံဆိပ်တုံးထုပေးလိုက်တယ်။ မဲပုံးမှာလည်း ချိတ် တံဆိပ်မထည့်ထားဘူး။ အဲတာ စိတ်ပူရတယ်။ ပြန်ဖြည် ပြန်ချီနိုင် တယ်လေ။ စိတ်မချ ရဘူး။ ဒါက လားရှိုးမြို့တွင်း ရပ်ကွက် ၅ နဲ့ရပ်ကွက် ၆ မှာဖြစ်တာ” စိုင်းဝမ်းလျန်းခမ်း ကပြောပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေ သွားနိုင်လာနိုင်ပါရက်နဲ့ ကြိုတင်မဲထည့်ခိုင်း တယ်လို့ ဆိုပါတယ်။
ရပ်ကွက် ၁၂ မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀၀ အနက် ကြိုတင်မဲပေးသူ ၈၀၀ ကျော်ရှိပြီဖြစ် ကြောင်းသိရပါတယ်။
ကြိုတင်မဲပေးဖို့ ကြိုတင်စာရင်းတင်ထားတဲ့သူတွေမဟုတ်ဘူး။ ကြိုတင်မဲ ထည့်ေ အာင် ရပ်ကွက်အကြီးအကဲတွေက ရပ်ကွက်ထဲဆင်းပြီး စည်း ရုံး ဆော်ဩတယ် ။ နီးစပ်ရာ ဆွေမျိုးတွေကို ခေါ်လာပြီး ကြိုတင်မဲထည့် ခိုင်းတယ် - စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

ဒွက်ချာပါဒ တွေကို အာဏာပိုင်တွေက မဲထည့်ပေး
Reviewed by THITHTOOLWIN
on
20:39
Rating: