ၾသစေၾတးလ် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ် (Credit: AFP) |
တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ကြည့်ပြီး မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လိုလားတယ်ဆိုတာကို နိုင်ငံတကာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ ကနဦး သုံးသပ်ချက်အရ ဒီရွေးကောက်ပွဲ ဖြစ်စဉ်ဟာ ထင်ထားတာထက် အဆင်ပြေ ချောမွေ့တယ်လို့ သုံးသပ်နေကြပြီး စိန်ခေါ်မှုတွေ ကြားကနေပဲ ကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ လုပ်ဆောင်မှုကို ကြိုဆိုကြောင်းလည်း ပါရှိပါတယ်။
ဒါ့အပြင် မြန်မာရွေးကောက်ပွဲမှာ စောင့်ကြည့်ခဲ့တဲ့ သြစတြေးလျနိုင်ငံက လွှတ်တော်အမတ် ၃ ယောက်ကိုလည်း ကျေးဖူးတင်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
သြစတြေးလျအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ဆက်လက်ပြီး သမ္မတ ရွေးကောက်တင်မြောက်ရေးနဲ့ အစိုးရသစ် ဖွဲ့နိုင်ရေးတွေမှာ ပါဝင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
သြစတြေးလျ အနေနဲ့ ဒီရွေးကောက်ပွဲအတွက် ဒေါ်လာ ၄.၂ သန်း ထောက်ပံ့ကူညီထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရွေးကောက်ပွဲ အောင်မြင်မှုကို သြစီချီးကျူး
Reviewed by THITHTOOLWIN
on
10:00
Rating: