NLD အောင်နိုင်ရေး ဇာတ်လမ်းတို “ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကား ရိုက်ကူးမှု ကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ခေါ်ယူသတိပေးခံရ


 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရိုက်ကူး
သည့် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းကြောင့်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းအား အစည်းအရုံး နာယကများက
အောက်တိုဘာလ ၁၂ ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်း သိရှိရသည် ။

“Facebook တွေမှာ တက်နေသလို ခံဝန်ထိုးခိုင်းတာမျိုး မဟုတ်ပါဘူး ။ ကျွန်တော်
တို့အနေနဲ့လည်း ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မိမိနှစ်သက်ရာ
ပါတီမှာ ပါဝင်တာမျိုးကို မဖြစ်စေဖို့ နောက်သတိထားဖို့ ခေါ်ပြောတာပ
ါ ။ ဘယ် အဖွဲ့အစည်းကမှလည်း ဖိအားပေးခိုင်းတာမျိုး မဟုတ်ပါဘူး ။ မင်းသားတစ်ယောက်
အနေနဲ့က ကိုယ်ကြိုက်တာ ကိုယ်လုပ်တာကို ကျွန်တော်တို့က တားလို့မရပေမယ့်
ဥက္ကဋ္ဌဆိုတော့ သတိပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက
တစ်ဦးဖြစ်သူ ဦးနှင်းမိုးက ပြောသည် ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းအနေဖြင့် “ပြောင်းလဲချိန်
တန်ပြီ” ဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးခြင်းမှာ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက
်အ ဖြစ် ပါဝင်ခြင်းမဟုတ်ဘဲ မင်းသားတစ်ယောက်၏ ပုဂ္ဂလိက ခံစားချက်ဖြင့်သာ ဝန်းရံ
ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ဆိုသည် ။

“ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌတစ်ယောက်ဆိုပြီးတော့ ပါဝင်ခဲ့တာမဟုတ်ဘူး။ ပုဂ္ဂလိက
ခံစားချက်နဲ့ ပါဝင်ခဲ့တာပါ။ ခံဝန်ထိုးခိုင်းတာတော့ မဟုတ်ပေမယ့် ခေါ်တော့ သတိ
ပေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥက္ကဋ္ဌဆိုတဲ့ နေရာကို အသုံးချပြီးတော့ လုပ်
ခဲ့တယ်ဆိုရင် ကိုယ်တိုင်နုတ်ထွက်မှာပါ ။ အခုကတော့ မင်းသားတစ်ယောက်အနေ
နဲ့ ရိုက်ခဲ့တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး။ နောက်လည်း ဒီလိုကားတွေမှာ ကမ်း
လှမ်းရင် ရိုက်မှာပါ။ အခုလတ်တလောတော့ ကမ်းလှမ်းထားတာ မရှိသေးဘူး” ဟု
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် သရုပ်ဆောင် လူမင်းက ဆိုသည်။

“အစ်မကတော့ ဒီဇာတ်ကားမှာ ဦးလူမင်း ပါဝင်တာဟာ မင်းသားတစ်ယောက် ၊ ရုပ်
ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက်ဆိုတာထက် ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့ မြန်မာ
နိုင်ငံအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ပါဝင်တယ်လို့ပဲမြင်တယ် ။ မြန်မာနိုင်ငံ
ရဲ့ စနစ်ဆိုးနဲ့ ကြုံခဲ့တဲ့လူကြီးတွေက တိုင်းပြည်အတွက် လုပ်နေတဲ့ လူငယ်တွေကို
ဒီလိုလုပ်တာကို အံ့သြမိတယ် ။ မလုပ်သင့်ဘူး လို့လည်း မြင်တယ် ။ လူကြီးတွေ
ဥာဏ်ကြီး သင့်ပါတယ်” ဟု “ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကားတွင် ဒါရိုက်တာတစ်
ယောက်အဖြစ် ပါဝင်ရိုက်ကူးသူ ကြည်ဖြူသျှင်က ပြောသည် ။

အနုပညာရှင် အများစုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အောင်နိုင်ရေး
အစီအစဉ်တွင်ပါဝင်၍ မဲဆွယ် စည်းရုံးသည့် ဇာတ်လမ်းများ၊ တေးသီချင်းများ ရိုက်
ကူးစပ်ဆိုခဲ့ကြကာ “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတွင်လည်း ဦးလူမင်း အပါအ
ဝင် သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ အဆိုတော်များစွာ ပါဝင်ထားသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
NLD အောင်နိုင်ရေး ဇာတ်လမ်းတို “ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကား ရိုက်ကူးမှု ကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ခေါ်ယူသတိပေးခံရ  NLD အောင်နိုင်ရေး ဇာတ်လမ်းတို “ပြောင်းလဲချိန်တန်ပြီ” ဇာတ်ကား ရိုက်ကူးမှု ကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ခေါ်ယူသတိပေးခံရ Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.