တူ​ရ​ကီ ​ဗုံး​ခွဲ​သူ ​လက်​သည်​ဖော်​ထုတ်

အန်​ကာ​ရာ ​ပေါက်​ကွဲ​မှု ​လူ​တ​ရာ​လောက် ​သေ​ဆုံး​ခဲ့
 တူ​ရ​ကီ ​နိုင်​ငံ ​အန်​ကာ​ရာ ​မြို့​တော်​မှာ ​အ​ရင်​တ​ပတ်​က ​ဖြစ်​ပွား​ခဲ့​တဲ့ ​ဗုံး​ခွဲ ​တိုက်​ခိုက်​မှု ၂ ​ခု​မှာ ​အ​သေ​ခံ ​ဗုံး​ဖောက်​ခွဲ​သူ ၂ ​ယောက်​ရဲ့ ​နာ​မည် ​တွေ​ကို ​တူ​ရ​ကီ ​အ​စိုး​ရ ​အ​ရာ​ရှိ ​တ​ယောက်​က ​ဘီ​ဘီ​စီ ​ကို ​အ​တည်​ပြု ​ပြော​ကြား ​ပါ​တယ်။

Yunus Emre Alagoz ​နဲ့ Omer Deniz Dundar ​တို့ ၂ ​ယောက်​ဟာ IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ ​တပ်​နဲ့ ​ဆက်​စပ် ​တယ်​လို့ ​ယူ​ဆ ​ရ​ပေ​မယ့် ​ဒါ​ကို ​အ​တည်​မ​ပြု​နိုင်​သေး​ဘူး​လို့ ​သိ​ရ​ပါ​တယ်။

Alagoz ​ဟာ ​တူ​ရ​ကီ ​တောင်​ပိုင်း​က ​ဆို​ရု​ခ်ျ ​မြို့ ​မှာ ​ဇူ​လိုင်​လ​က ​ဖြစ်​ပွား​ခဲ့​တဲ့ ​အ​သေ​ခံ ​ဗုံး​ခွဲ​မှု ​လက်​သည်​နဲ့ ​ညီ​အစ်​ကို ​တော်​တယ်​လို့ ​သိ​ရ​ပါ​တယ်။

အဲ​ဒိ​တုန်း​က​လည်း ​လူ ၃​ဝ ​ကျော် ​သေ​ဆုံး ​ခဲ့​ရ​ပါ​တယ်။

နောက် Dundar ​က​တော့ ​ဆီး​ရီး​ယား​ကို ၂ ​ခါ​သွား​ဖူး​တယ် ​လို့ ​ဆို​ပါ​တယ်။

အန်​ကာ​ရာ​မှာ ​စ​နေ​နေ့​က ​ဖြစ်​ပွား​တဲ့ ​တိုက်​ခိုက်​မှု ​တွေ ​အ​တွင်း ​လူ ​တ​ရာ ​နီး​ပါး ​အ​သက်​ဆုံး​ရှုံး ​ခဲ့​တယ် ​လို့​လည်း ​တူ​ရ​ကီ ​အ​စိုး​ရ​က ​ပြော​ကြား ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
တူ​ရ​ကီ ​ဗုံး​ခွဲ​သူ ​လက်​သည်​ဖော်​ထုတ်   ​တူ​ရ​ကီ ​ဗုံး​ခွဲ​သူ ​လက်​သည်​ဖော်​ထုတ် Reviewed by THITHTOOLWIN on 05:31 Rating: 5
Powered by Blogger.