အလက်ပို အောက်တိုဘာ ၁၄
ဆီးရီးယား၏ မဟာမိတ်များဖြစ်သည့် အီရန်နှင့်ဟစ်ဇ်ဘိုလာတို့သည် ရုရှားလေကြောင်းပစ်ကူပေးမှုနှင့်အတူ အလက်ပိုရှိအကြမ်းဖက်သမားများကို မြေပြင်ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်နေကြောင်း ထိပ်တန်းတာဝန်ရှိသူများက ရိုက်တာသို့အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
တူရကီနယ်စပ်အနီး အလက်ပိုမြို့နှင့် ပြည်နယ်ကို ဆီးရီးယားအစိုးရ၊ အာဆတ်ကို ဆန့်ကျင်တိုက်ခိုက် နေသော အကြမ်းဖက်အုပ်စုများနှင့် ယင်းမြို့အနီး ကျေးရွာများကိုထိန်းချုပ်ထားသော အိုင်အက်စ်စစ်သွေြး<ွက များက နယ်မြေခွဲဝေယူထားကြသည်။
အဆိုပါဒေသကို ကြီးမားသော တိုက်ပွဲကြီးများ ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းအစီအစဉ်နှင့် နီးစပ်သည့်တာဝန်ရှိသူတစ်ဦးက ပြော သည်။
လွန်ခဲ့သောရက်များက အဆိုပါဒေသသို့ ဆီးရီးယား တပ်များ၊ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများနှင့် ထောင်ပေါင်းများစွာသော အီရန်တပ်ဖွဲ့ဝင်များရောက်ရှိနေကြောင်း ၄င်းတာဝန်ရှိသူက ပြောကြားသည်။
မကြာမီမြေပြင်ထိုးစစ်တိုက်ပွဲကြီးများ ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ၄င်းတာဝန်ရှိသူက ဆက်လက် ပြောကြား သည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အလက်ပိုမြို့ကို မြေပြင် ထိုးစစ်ကြီးများ ဆီးရီးယားနှင့် အီရန် ပူးပေါင်း ဆင်နွှဲရန် စီစဉ်နေ
Reviewed by THITHTOOLWIN
on
09:52
Rating: