က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ​တ​ရုတ် ​ပယ်​ဖျက်​မယ်


 တ​ရုတ် ​နိုင်​ငံ​မှာ ​ဆယ်​စု​နှစ် ​များ​စွာ ​ကျင့်​သုံး ​လာ​ခဲ့​တဲ့ ​တစ်​အိမ်​ထောင် ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ​ပယ်​ဖျက်​ဖို့ ​ဆုံး​ဖြတ် ​လိုက်​ပြီ​လို့ ​ရှင်​ဟွာ ​သ​တင်း​ဌာ​န​က ​ကြေ​ညာ ​လိုက်​ပါ​တယ်။

ဇ​နီး​မောင်​နှံ ​အား​လုံး​ကို ​က​လေး ၂ ​ယောက် ​အ​ထိ ​ယူ​ခွင့် ​ပြု​တော့​မှာ ​ဖြစ်​တယ်​လို့ ​ကွန်​မြူ​နစ် ​ပါ​တီ​ရဲ့ ​ထုတ်​ပြန်​ချက်​ကို ​ကိုး​ကား​ပြီး ​တ​ရုတ်​ပိုင် ​သ​တင်း​ဌာ​န​က ​ဖော်​ပြ ​ပါ​တယ်။

အဲ​ဒီ ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ၁၉၇၉ ​ခု​နှစ် ​က​တည်း​က ​တ​ရုတ် ​နိုင်​ငံ​ရဲ့ ​လူ​ဦး​ရေ​ကို ​ထိန်း​ချုပ်​ဖို့ ​ကျင့်​သုံး ​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဒါ​ပေ​မယ့် ​တ​ရုတ် ​နိုင်​ငံ​မှာ ​သက်​ကြီး​ရွယ်​အို​တွေ ​များ​လာ​ပြီး ​လုပ်​အား​သစ်​တွေ ​ရှား​ပါး ​လာ​မှု​အ​ပေါ် ​စိုး​ရိမ် ​လာ​ခဲ့​ကြ​ရာ​က ​တ​ချို့ ​ပြည်​နယ်​တွေ​မှာ ​အဲ​ဒီ ​မူ​ဝါ​ဒ​ကို ​စ​တင် ​ဖြေ​လျှော့ ​ပေး​လာ ​ခဲ့​ပါ​တယ်။

အဲ​ဒီ ​တစ်​အိမ်​ထောင် ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​က ​ဟန့်​တား​ခဲ့​တဲ့ ​မွေး​ဖွား​မယ့် ​က​လေး ​ဦး​ရေ​က ​သန်း ၄၀၀ ​လောက် ​ရှိ​တယ်​လို့ ​ခန့်​မှန်း​ကြ ​ပါ​တယ်။

တ​ရုတ် ​နိုင်​ငံ​မှာ ​လက်​ရှိ ​လူ​ဦး​ရေ​ရဲ့ ၃၀ ​ရာ​နှုန်း​လောက်​က ​အ​သက် ၅၀ ​ကျော် ​အ​ရွယ်​တွေ ​ဖြစ်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ​တ​ရုတ် ​ပယ်​ဖျက်​မယ် ​က​လေး​တစ်​ဦး ​မူ​ဝါ​ဒ​ကို ​တ​ရုတ် ​ပယ်​ဖျက်​မယ် Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.