မြေအောက်မှာ ဒုံးကျဉ်အများပြား သိမ်းထားကြောင်း အီရန်ပြသ

မြေအောက် ဥမင်လိုဏ်ခေါင်းမှာ ဒုံးကျဉ်တွေ ရှိကြောင်း အီရန်က ပြသစဉ် (Credit: ABC licensed)
 အီရန်နိုင်ငံ ​အစိုးရပိုင် ​ရုပ်မြင်သံကြားဌာနက ​မြေအောက်မှာ ​ရှိနေတဲ့ ​ဒုံးကျဉ်တွေ၊ ​လောင်ချာယူနစ်တွေကို ​ပြသလိုက်ပြီး ​ရန်သူတွေ ​အမှားလုပ်မိတာနဲ့ ​ပြန်လည် ​တုန့်ပြန်နိုင်ဖို့အတွက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ကုလသမဂ္ဂက ​တားမြစ်ထားတဲ့ ​ကြားကနေ ​တာဝေးပစ် ​ဒုံးကျဉ်းကို ​အီရန်က ​စမ်းသပ်ပစ်ခတ်ပြီး ​၃ ​ရက်အကြာမှာပဲ ​အခုလို ​မြေအောက်မှာ ​အများအပြား ​ရှိနေတဲ့ ​ဒုံးကျဉ်တွေကို ​ပြသလိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​မြေအောက် ​လိုဏ်ခေါင်းဟာ ​မီတာပေါင်း ​ရာနဲ့ချီ ​ရည်လျှားပြီး ​အမြင့်အားဖြင့် ​၁၀ ​မီတာလောက်ရှိပါတယ်။

အဲဒီ ​မြေအောက်လိုဏ်ဂူထဲမှာ ​ဒုံးကျဉ်တွေနဲ့ ​စစ်သုံးပစ္စည်း ​အများအပြား ​ရှိနေတာကို ​ပြသထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီး ​၆ ​နိုင်ငံနဲ့ ​နျူကလီးယား ​သဘောတူညီမှု ​လက်မှတ် ​ရေးထိုးဖို့ ​အဆိုကို ​အီရန် ​ပါလီမန်က ​ခွင့်ပြုပြီးတဲ့နောက် ​ပြသလိုက်တာ ​ဖြစ်ပြီး ​နျူကလီးယား ​ထုတ်လုပ်မှု ​မရဘူး ​ဆိုတာကို ​သဘောတူခဲ့ပေမယ့် ​အီရန် ​အနေနဲ့ ​စစ်ရေးအရ ​အလျှော့ပေးလိုက်ရတာမျိုး ​မဟုတ်ဘူး ​ဆိုတာကို ​ပြသချင်လို့ ​ဖြစ်မယ်လို့ ​သုံးသပ်ကြပါတယ်။

အဲဒီလို ​လိုဏ်ခေါင်းမျိုး ​အီရန်နိုင်ငံ ​အနှံ့မှာ ​ရှိပြီး ​တချို့ဆိုရင် ​မီတာ ​၅၀၀ ​အနက်မှာ ​ရှိနေတယ်လို့လည်း ​အီရန် ​စစ်တပ်က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြေအောက်မှာ ဒုံးကျဉ်အများပြား သိမ်းထားကြောင်း အီရန်ပြသ   မြေအောက်မှာ ဒုံးကျဉ်အများပြား သိမ်းထားကြောင်း အီရန်ပြသ Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.