ပါတီ အတွင်း နိုင်ငံရေး သဘောကွဲမှု တွေကို ပြန်လည် စုစည်း ညီညွတ် စေမယ် ဆိုပြီး မစ္စတာ ရိုင်ယန် က ပြော။ |
အမေရိကန် လွှတ်တော် ၂ ရပ် ပေါင်း ကွန်ဂရက်စ် လွှတ်တော် အတွင်း အာဏာ အကြီးဆုံးရာထူး ဖြစ်တဲ့ အောက်လွှတ်တော် ဥက္ကဌ ရာထူး နေရာကနေ ရီပတ်ဘလေကဲန် အမတ် တစ်ဦးပဲ ဖြစ်တဲ့ John Boehner နှုတ်ထွက် သွားပြီး တဲ့နောက် Paul Ryan ကို လာမယ့် သောကြာ နေ့မှာ အစားထိုး ခန့်အပ် မှာ ဖြစ်ပါတယ်။
ရီပတ်ဘလေကဲန် ပါတီ အနေနဲ့ ဘာတွေ လုပ်ဆောင် မလဲဆိုတာ လမ်းပျောက် နေပြီး လွှတ်တော် ဟာ တိုင်းပြည် ကို ပိုမို ကောင်းရာမွန်ရာ လမ်းကြောင်းမှန် ကိုပေး ဖို့ တာဝန်ရှိတယ် လို့ မစ္စတာ ရိုင်ယန် က ပြောပါတယ်။
အခုလို အောက်လွှတ်တော် ဥက္ကဌ သစ် အနေနဲ့ မစ္စတာ ရိုင်ယန် ကို ခန့်ထားခြင်းဟာ ပါတီ အတွင်း နိုင်ငံရေး သဘောကွဲမှု တွေကို ကုစားနိုင်ဖို့ရာ အကူအညီ ဖြစ်စေဖို့ ရီပတ်ဘလေကဲန် တွေက မျှော်လင့် နေကြတယ် ဆိုပြီး သတင်းထောက် တွေက ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
အောက်လွှတ်တော် ဥက္ကဌသစ် ရွေးချယ်
Reviewed by THITHTOOLWIN
on
07:58
Rating: