ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) |
ရခိုင်ပြည်နယ် အတွင်းကို သွားတာမဟုတ်ပဲ သွားလာရ လွယ်ကူပြီး မြန်မာပြည်မနဲ့ ပိုပြီးနည်းတဲ့ တောင်ကုတ်၊ သံတွဲစတဲ့ နေရာကိုသာ သွားမှာ ဖြစ်ပါတယ်။
ရခိုင်တွေထဲမှာ NLD အောင်နိုင်ရေးအတွက် ကြိုးပမ်းသူတွေ၊ ကြံ့ခိုင်ရေးအတွက် ကြိုးပမ်းသူတွေနဲ့ ရခိုင်ပါတီအတွက် ကြိုးပမ်းသူတွေ ရှိပါတယ်။
ရခိုင်အမျိုးသား ပါတီရဲ့ စစ်တွေမြို့ အောင်နိုင်ရေးအဖွဲ့က ဦးအောင်ဌေးကတော့ ရခိုင်ပါတီရဲ့ အဓိက ပြိုင်ဘက်က NLD ပါတီမဟုတ်ပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ ရခိုင်အမျိုးသား ပါတီအနေနဲ့ လိုအပ်သမျှကို လုပ်ဆောင်ပေးမယ်လို့ တရုတ်အစိုးရက ကမ်းလှမ်းခဲ့တယ်လို့ ရခိုင်ပါတီ ခေါင်းဆောင်က ပြောပါတယ်။
ရခိုင်အမျိုးသား ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်ကို ကမ်းလှမ်းတာဖြစ်ပြီး တရုတ်အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ အတိုက်အခံ NLD ပါတီအပြင် တခြား တိုင်းရင်းသား ပါတီနဲ့ ဆက်ဆံရေး ထားရှိတာမျိုး မလုပ်ပဲ ရခိုင်ပါတီ တစ်ခုတည်းကိုသာ အခုလို ကမ်းလှမ်းမှု လုပ်တာလို့ ပြောခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ရခိုင်ပါတီက ရခိုင်ပြည်နယ်မှာ အနိုင်ရဖို့ အလားအလာများတဲ့အတွက် သယံဇာတ ပေါကြွယ်တဲ့ ရခိုင်ပြည်နယ်မှာ နေရာရဖို့ ရခိုင်ပါတီကို တရုတ်က ချဉ်းကပ်တာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စု ရခိုင်ခရီး စတင်
Reviewed by THITHTOOLWIN
on
18:22
Rating: