မဲပေးဖို့ သံရုံးနဲ့ အနီးတဝိုက်မှာ စောင့်ဆိုင်းကြသူများ (ဓာတ်ပုံ - M Thet Mon) (Credit: ABC) |
မနက် ၉ နာရီလောက်မှာ မဲပေးဖို့ သွားခဲ့ပေမယ့် အဲဒီမှာ လူတွေ အများအပြား ရောက်နင့်နေတာကို တွေ့ရတယ်လို့ မဲပေးဖို့ သွားတဲ့ မသက်မွန်က ပြောပါတယ်။
ဒီကနေ့နဲ့ ၁၈ ရက်နေ့မှာ မဲပေးခွင့် ရထားပြီး ရုံးပိတ် ကျောင်းပိတ်ရက် ဖြစ်တဲ့ ၁၈ ရက်နေ့မှာတော့ အိမ်အကူ အလုပ်လုပ်တဲ့ မြန်မာတွေ အများအပြား မဲပေးမယ်လို့ မျှော်လင့်ရကြောင်းလည်း ပြောပါတယ်။
စီစဉ်သူတချို့ကလည်း အကျီင်္အနီ ဝတ်လာဖို့ ပြောထားတဲ့အတွက် အနီရောင်တွေ ဝတ်လာပြီး တန်းစီတာကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
သြစတြေးလျရောက် မြန်မာတွေကလည်း မနေ့တုန်းက မဲပေးခွင့် ရရှိပေမယ့် တချို့ကတော့ မြန်မာနိုင်ငံ မဲစာရင်းမှာ နာမည်ပါပေမယ့် သံရုံးမဲစာရင်းမှာ မပါလို့ မဲပေးခွင့် မရလို့ မကျေမနပ် ဖြစ်နေကြပါတယ်။
လာမယ့် ၁၇ ရက်နေ့မှာလည်း ကင်ဘာရာမြို့က မြန်မာ သံရုံးမှာ မဲပေးနိုင်ဖို့ သံရုံးက စီစဉ်ထားပေမယ့် အဲဒီမတိုင်ခင် မဲပေးခွင့် မရှိတဲ့ သူတွေအတွက် အချိန်မှီ ပြင်ဆင်ပေးနိုင်မလား ဆိုတာတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ သြစတြေးလျနိုင်ငံလို မဲကို မပေးမနေရ အဖြစ် သတ်မှတ်ထားတာ မရှီပေမယ့်လည်း အဝေးရောက် မြန်မာတွေ တကူးတက သံရုံးရှိရာကို သွားပြီး စိတ်ရှည်လက်ရှည် မဲပေးကြတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
စင်္ကာပူရောက် မြန်မာတွေ အများပြား မဲပေးကြ
Reviewed by THITHTOOLWIN
on
10:15
Rating: