 အင်​တာ​နက် ​ပို့စ်​ကြောင့် ​ဖမ်း​ဆီး​ခံ​ရ​ပြန်
Facebook ​မှာ​တင်​တဲ့ ​ပုံ​တ​ပုံ ​ကြောင့် ​က​ချင် ​အ​မျိုး​သား ​တ​ယောက် ​ရန်​ကုန်​မှာ ​ဗု​ဒ္ဓ​ဟူး​နေ့ ​က ​ဖမ်း​ဆီး​ခံ​ရ ​ပါ​တယ်။
ည ၇ ​နာ​ရီ​လောက်​မှာ ​ရပ်​ကွက် ​လူ​ကြီး​တွေ​နဲ့ ​ဦး​ခွန်​ဂျာ​လီ ​အိမ်​ကို ​လာ​ရှာ​ပြီး Facebook ​လူ​မှု ​ကွန်​ယက်​မှာ ​ရေး​သား​မှု ​တ​ခု ​ကြောင့် ​မေး​စ​ရာ​ရှိ​တယ် ​ဆို​ပြီး ​ရဲ​စ​ခန်း​ကို ​ခေါ်​သွား​တယ် ​လို့ ​သ​မီး​ဖြစ်​သူ ​မ​မာ​လု​က ​ပြော​ပါ​တယ်။
ဦး​ခွန်​ဂျာ​လီ Facebook ​မှာ ​တ​ယောက်​ယောက် ​ကို ​ဖိ​နပ်​နဲ့ ​နင်း​ထား ​တဲ့ ​ပုံ​တင်​ထား​တယ် ​ဆို​ပြီး ​လာ​ရှာ​တာ ​ဖြစ်​ပြီး ​ပုံ​ထဲ​က ​ဖိ​နပ်​ဝါ ​ကို ​ဦး​ခွန်​ဂျာ​လီ ​အိမ်​မှာ ​ရှာ​မ​တွေ့​ဘူး ​လို့ ​လည်း ​သိ​ရ​ပါ​တယ်။
အဲ​ဒိ ​ဓာတ်​ပုံ​ကို​လည်း ​သူ့ Facebook ​စာ​မျက်​နှာ ​မှာ ​ရှာ​မ​တွေ့​ဘူး ​လို့ ​မိ​သား​စု​က ​ပြော​ပါ​တယ်။
အ​မှု​ဖွင့် ​တိုင်​တာ​က ​စစ်​တပ်​ဘက်​က ​ဖြစ်​ပါ​တယ်။
ရဲ​စ​ခန်း ​ခေါ်​သွား​ပြီး​နောက် ​ခု​ချိန်​ထိ ​မိ​သား​စု​နဲ့ ​တွေ့​ခွင့် ​မ​ပေး​သေး​ဘူး​လို့​လည်း ​ဆို​ပါ​တယ်။
ဦး​ခွန်​ဂျာ​လီ ​ဟာ ​က​ချင် ​ငြိမ်း​ချမ်း​ရေး ​လှုပ်​ရှား ​ဆောင်​ရွက်​နေ​တဲ့ ​ဒေါ်​မေ​စ​ပယ်​ဖြူ ​ရဲ့ ​ခင်​ပွန်း​လည်း ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 အင်​တာ​နက် ​ပို့စ်​ကြောင့် ​ဖမ်း​ဆီး​ခံ​ရ​ပြန်  ​ အင်​တာ​နက် ​ပို့စ်​ကြောင့် ​ဖမ်း​ဆီး​ခံ​ရ​ပြန် Reviewed by THITHTOOLWIN on 03:57 Rating: 5
Powered by Blogger.